Homeမြန်မာသတင်း
မြိတ်မြို့တွင် ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ ၁၀ ဦး ဒဏ်ရာရ
မြိတ်မြို့တွင် ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ ၁၀ ဦး ဒဏ်ရာရ
DVB
·
May 3, 2016
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် လေဆိပ်အနီးမှာ ဒီနေ့ နေ့လယ် ၁၁ နာရီခန့်က အလုပ်မှ ထမင်းစားပြန်လာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ အခင်းဖြစ်ပွား ရာနေရာမှာပင် ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ကျ ဆရာဝန်တွေထံက သိရပါတယ်။
ပန်းရံအလုပ်သမား ၈ ဦး တင်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ်ဟာ မြိတ်လေဆိပ်အနီး အရောက် လူ ၃ ဦး စီးနင်းလာတဲ့ ဘယ်ညာကွေ့ မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ သုံးဘီးဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
သုံးဘီးဆိုက်ပေါ်ပါ အသက် ၁၄ နှစ်အရွယ် မောင်ရန်နိုင်ထွန်း ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာတွင် ပါဝင်တဲ့ ထိခိုက်ဒဏ်ရာများရရှိသူတွေထံက သိရပါတယ်။
လက်ရှိမှာ အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ ၁၁ ဦး အနက် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ ၃ ဦးကို အတွင်းလူနာအဖြစ် မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေရတယ်လို့ သိပါတယ်။ အဆိုပါ ဆိုင်ကယ်တိုက်မှုအတွက် မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
(သတင်း - မြတ်ထွဋ်၊ မြိတ်)