ဂျေရုဆလင် ရှေးဟောင်းမျှော်စင်များကြား ကြိုးတန်းလမ်းလျှောက် စွမ်းရည်ပြသ (ရုပ်သံ)
Published By
DVB | 3 May, 2016
1.4K
0
Share
0
Comment
0
Likes
အမေရိကန်နိုင်ငံသူ အမျိုးသမီး ကြိုးတန်းလမ်းလျှောက်မယ်တဦးဖြစ်တဲ့ ဟီသာ လာဆန်အတွက်တော့ ဒါဟာ သမိုင်းမှတ်တိုင်တခုပါပဲ။
သူဟာ မေလ ၂ ရက်နေ့က ဂျေရုဆလင်မြို့ဟောင်း မျှော်စင်တွေကြား တဘက်က တဘက်ကို ကျဉ်းမြောင်းတဲ့ ကြိုးတန်းပေါ်ကနေ အောင်အောင်မြင်မြင် ဖြတ်ပြနိုင်ခဲ့လို့ပါပဲ။
မျှော်စင် ၂ ခုကြားက ကြိုးတန်းရဲ့အမြင့်ဟာ မီတာ ၃၀ (၉၈ ပေ) ရှိတာဖြစ်ပြီး အသည်းထိတ်ဖွယ် စွမ်းရည်ပြ ဖြတ်သန်းပြခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
“ဒီလို ရှင်သန်နေတဲ့ နေရာတွေ လာရောက်လည်ပတ်ချိန်မှာ ကျမရဲ့ စွမ်းရည်တွေကို ခုလိုပြသခွင့်ရတာဟာ ကျမအတွက်တော့ တကယ့်ကို မယုံနိုင်လောက်စရာ အတွေ့အကြုံတခုပါပဲ” လို့ လာဆန်က ပြောပါတယ်။
သူဟာ သိုင်းကြိုးနဲ့ ချိတ်ဆက်ပြီး အရှည်မီတာ ၃၀ အကွာအဝေးကို ကြိုးတန်းပေါ်မှတဆင့် အသည်းယားစဖွယ် လမ်းလျှောက်ပြခဲ့တာပါ။
လာဆန် ဖြတ်သန်းပြခဲ့တဲ့ မျှော်စင်ဟာ ဒေးဗစ်မျှော်စင်၊ ဒါမှမဟုတ် ဂျေရုဆလင် ခံတပ်အဖြစ် လူသိများပြီး ရှေးဟောင်းမြို့တော်သမိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်ကာလမှ ပြတိုက်တခုအဖြစ် ထားရှိတာလို့ ဆိုပါတယ်။