Home
မြန်မာသတင်း
မြန်မာသမ္မတနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 3, 2016
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီရိုကီရှီဒါဟာ ဒီကနေ့ မေ ၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက "ကျနော်တို့ဟာ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်မှုတွေ ဆက်လက်ကူညီ ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။ အထူးစီးပွားရေးကိစ္စရပ်တွေမှာ မိတ်ဆွေကောင်းအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အဲ့အတွက်ကြောင့် သမ္မတကြီးအနေနဲ့ ကျနော်နဲ့ ပူးပေါင်း ဆောင်ရွက်ပေးဖို့  မေတ္တာရပ်ခံအပ်ပါတယ်လို့" ပြောဆိုခဲ့ပါတယ်။ သမ္မတ ဦးထင်ကျော်ကတော့ "ဝန်ကြီးပြောကြားသလို ကျနော်တို့ နိုင်ငံကိုကူညီတဲ့ ပုဂ္ဂိုလ်တွေ၊ လက်ကမ်းကြိုဆိုပြီး အစစအရာရာ အဆင်ပြေအောင်လုပ်ဆောင်သွားမယ်လို့ ကတိပြုပါတယ်" လို့ ဂျပန်ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ  ပြောဆိုခဲ့ပါတယ်။ မစ္စတာ ကီရှီဒါဟာ ဒီနေ့ မနက်ပိုင်းကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှု ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲအပြီးမှာ ဂျပန်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲသတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဟာ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ မဲခေါင်ဒေသတွင်း နိုင်ငံတွေကို ခရီးလှည့်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို မနေ့ညက ရောက်လာက ဒီကနေ့ ပြန်လည်ထွက်ခွာဖို့ ရှိပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024