နှစ် ၁၆၀ သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်း မီးလောင် (ရုပ်သံ)
Published By
DVB | 3 May, 2016
2.7K
0
Share
0
Comment
0
Likes
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ နှစ်ပေါင်း ၁၆၀ သက်တမ်းရှိတဲ့ ဆာဘီးယား ရှေးရိုးစွဲ ခရစ္စယာန်ဘုရားကျောင်း ဧပြီ ၁ ရက်က မီးလောင်ခဲ့ပါတယ်။
ည ၇ နာရီမတိုင်မီ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်သမား အနည်းဆုံး ၁၇၀ မီးကို ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရပါတယ်။
မီးကြောင့် တစုံတရာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးမလောင်ခင် အစောပိုင်းက အသင်းသား ၇၀၀ လောက် အီစတာပွဲ ကျင်းပနေပြီး နေ့လယ်စာ စားသောက်ခဲ့ကြပါတယ်။
မီးလောင်တဲ့ အချိန်မှာတော့ ဘုရားကျောင်းထဲမှာ တဦးတယောက်မှ ရှိမနေပါဘူး။
စိန့်ဆာဗာ ဘုရားကျောင်းကို ထရိန်နတီ ချာပယ်လို့ လူသိများပြီး ၁၈၅၅ ခုနှစ်က ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။