A d v e r t i s e m e n t With Us

ပေ ၁၆၀၀၀ အမြင့်မှ လေထီးခုန်ပြီး အသက်ကိုးဆယ်ပြည့် မွေးနေ့ပွဲ ဆင်နွှဲသည့် အဘွားအို (ရုပ်သံ)

အဘွားအို ဘာ့သ် ရောဘတ်စ် (Beth Roberts) ဟာ အသက် ၉၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ဆင်းခဲ့ပါတယ်။ အမြင့်ပေ တသောင်းခြောက်ထောင်ကနေ ခုန်ချတဲ့ စွန့်စားခန်းအတွက် အဘွားအိုဟာ အကြောက်အလန့်မရှိ၊ အပြုံးမပျက်ခဲ့ပါဘူး။ လေယာဉ်ပေါ်ကနေ တမိနစ်လောက်အထိ အလွတ်ခုန်ချခဲ့ပြီးမှ လေထီးကို ဖွင့်ခဲ့တာပါ။ အဘွားအို ရောဘတ်စ်နဲ့အတူ သူ့မိသားစုတွေ၊ မိတ်ဆွေတွေကလည်း စွန့်စား လေထီးခုန်ခဲ့ကြတာပါ။ အမယ်အိုဟာ မြေပြင်ပေါ်အဆင်းမှာ နည်းနည်းလေး ဟန်ချက်ပျက်ခဲ့ပေမယ့် ဘေးကင်းပါတယ်။ စွန့်စားခန်း အောင်မြင်သွားတဲ့ အဘွားအိုက သူ့အသက် ၉၅ နှစ် ပြည့်တဲ့အခါ အခုလိုပဲ လေထီးခုန်ဖို့ နောက်တခေါက် ပြန်လာဦးမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up