A d v e r t i s e m e n t With Us

လူနေအခန်းတွင်း ၀င်ရောက်ခဲ့သည့် ဖောက်ထွင်းဝိဇ္ဇာ ၀က်ဝံငယ် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ထဲမှာ ၀က်ဝံလေးတကောင်ဟာ လူနေအိမ်ခန်းထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အတွက် ရဲတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ချော့မော့ မောင်းထုတ်ခဲ့ကြရပါတယ်။ အဆိုပါဝက်ဝံဟာ ဧပြီ ၃၀ ရက်နေ့ ဒေသစံတော်ချိန် မနက်ခင်းအစောပိုင်းမှာ ၂ ထပ် အမြင့်ရှိတဲ့ အခန်းဆီ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ရေခဲသေတ္တာထဲကို မွှေနှောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်း မီးသတ်ဌာနက ထုတ်ပြန်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ မျက်မြင်တွေ့ရှိသူတွေရဲ့ အရေးပေါ် သတင်းပေးမှုကြောင့် ရောက်လာကြတဲ့ ရဲတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ အခန်းတွင်းက ၀က်ဝံကို အပြင်ထွက်လာအောင် ချော့မော့ခဲ့ကြတာကို တွေ့ရပါတယ်။ တာဝန်ရှိသူတွေဟာ ချော့မော့ခေါ်ခဲ့ချိန်မှာ ၀က်ဝံဟာ ခေါင်းပြုကြည့်ခဲ့ပြီး အထဲကို ပြန်ဝင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာမှ အခန်းပြင်ထွက်လာခဲ့ကာ လျှောက်လမ်းတလျှောက် အခြားတဘက်ဆီကို ပြေးထွက်သွားခဲ့တာပါ။ အိမ်ရှင်ဖြစ်သူဟာ ၀က်ဝံငယ် အခန်းတွင်းကနေ ထွက်သွားနိုင်ဖို့အတွက် အိပ်ခန်းထဲမှာ ရှိနေခဲ့တာဖြစ်တယ်လို့ ကေအယ်လ်တီအေ သတင်းမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ “သူတကောင်တည်းလား။ သေချာကြည့်ဦးနော်၊ သူ့အမေတော့ အနီးနားမှာ ရှိမယ်မထင်ဘူး” အစရှိသဖြင့် ပြောဆိုခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ နောက်ဆုံးမှာတော့ လူတွေရော အဆိုပါဝက်ဝံပေါက်စပါ ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာ မရှိခဲ့ကြဘူးလို့ သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up