ဦးပိန်တံတား ပြန်လည်ပြုပြင် (ဓာတ်ပုံ)
DVB
·
May 2, 2016
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ထဲက တောင်သမန်အင်းအတွင်းရှိ ဦးပိန်တံတားရှိ ဆွေးမြေ့တိုင်ဟောင်းတွေကို ကျွန်းသစ်တိုင်သစ်တွေနဲ့ အစားထိုးပြုပြင်ခြင်းများကို ဧပြီ ၂၈ ရက်နေ့မှ စတင်ဆောင်ရွက်နေပြီး အချိန် ၃ လခန့် ကြာမြင့်မယ်လို့ လက်သမားခေါင်းဆောင် ဦးမြင့်ဆွေက ပြောပါတယ်။ ဦးပိန်တံတားက တိုင်ပေါင်း ၆၈၆ လုံး အစားထိုး ပြုပြင်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - အိမ်ခိုင်မြဲ