A d v e r t i s e m e n t With Us

အမေရိကန်ခြေလျင်တပ် ပထမဆုံး အမျိုးသမီးအရာရှိ ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ခြေလျင်တပ်ရဲ့ ပထမဆုံး အမျိုးသမီးအရာရှိအဖြစ် ဗိုလ်ကြီး ခရစ္စတင်း ဂရိစ် (Kristen Griest) ကို ခန့်အပ်လိုက်ပါတယ်။ ဒါဟာ တိုက်ခိုက်ရေးတပ်တွေမှာ အမျိုးသမီးတွေကို တာဝန်ပေးနေတဲ့ မှတ်တမ်းတခု ဖြစ်လာပါတယ်။ ဗိုလ်ကြီးဂရိစ်ဟာ မနှစ်တုန်းက ပျောက်ကျား စစ်သင်တန်းကို အောင်မြင်ခဲ့တဲ့ အမျိုးသမီး အရာရှိ ၂ ဦးထဲက တဦးပါ။ ဧပြီလ အစောပိုင်းမှာ အမေရိကန်စစ်တပ်က ခြေလျင်တပ်ဖွဲ့နဲ့ သံချပ်ကာတပ်ဖွဲ့မှာ တာဝန်ထမ်းဖို့အတွက် အမျိုးသမီး ၂၀ ကို အတည်ပြု ခန့်အပ်ခဲ့ပါတယ်။ မနှစ်တုန်းက အမေရိကန်စစ်တပ်က အမျိုးသမီးတွေကို တိုက်ခိုက်ရေး တာဝန်တွေ ပေးအပ်မယ့်အကြောင်း သမိုင်းဝင် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၅ နှစ်လယ်ပိုင်းအထိ အီရတ်နဲ့ အာဖဂန်နစ္စတန်ဆီ ပို့ခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ထဲမှာ အမျိုးသမီး စစ်သည်အင်အား ၁၂ ရာခိုင်နှုန်း ရှိပါတယ်။ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အချိုးအစားမှာတော့ အမျိုးသမီးအင်အားက ၂ ရာခိုင်နှုန်း ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up