Home
မြန်မာသတင်း
ရှမ်းနှင့် တအာင်းတပ်အကြားတိုက်ပွဲများ ပြန်ဖြစ်
DVB
·
May 2, 2016
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနဲ့ မန်တုံမြို့နယ်ထဲမှာ တီအန်အယ်လ်အေ တအာင်းတပ်နဲ့ အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ၂ ဘက်တပ်က ထုတ်ပြန်ပါတယ်။ မေလ ၁ ရက်နေ့ ညနေ ၆ နာရီက မန်တုံမြို့နယ် ဆိုင်းလိန်ကျေးရွာအနီးမှာ တကြိမ်၊ မွန်းလွဲ ၁ နာရီလောက်မှာတော့ နမ့်ခမ်းမြို့နယ် မန်စံနဲ့ လွယ်ဟွယ်ရွာကြားမှာ တကြိမ်၊ မွန်းလွဲ ၁ နာရီခွဲက နမ့်ခမ်းမြို့နယ် နမ့်ပုန်ရွာနားမှာ တကြိမ် စုစုပေါင်း ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မှ ထုတ်ပြန်ပါတယ်။ အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်ဟာ အစိုးရနဲ့ တပြည်လုံးအပစ်ခတ်ရပ်လက်မှတ်ရေး ထိုးပြီးတဲ့နောက် တီအန်အယ်လ်အေ လှုပ်ရှားနယ်မြေထဲ ၀င်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ရ တာလို့ တအာင်းတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ဟာ မနှစ်နိုဝင်ဘာလကုန်ပိုင်းကစ တိုက်ပွဲ ဖြစ်ပြီး နမ့်ခမ်းနဲ့ ကျောက်မဲမှာ ပြည်သူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဧပြီလတွင်း လက်ဖက်ခူးရာသီဖြစ်တဲ့အတွက် ပြည်သူများအေးဆေးစွာ အလုပ်လုပ်နိုင်ဖို့ တီအန် အယ်လ်အေဘက်က တိုက်ပွဲမဖြစ်အောင် ရှောင်ရှားပေမယ့် အာရ်စီအက်စ် အက်စ်တပ်တွေ နယ်မြေထဲရောက်လာပြီး တပ်စခန်းဝင်ဆောက်တာကြောင့် တိုက်ပွဲဖြစ်ရတာလို့ တအာင်း တပ်ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်ဘက်ကလည်း တီအဲန် အယ်လ်အေဟာ မေလ မနက် ၈ နာရီကစပြီး စစ်ကြောင်း ၂ ကြောင်းနဲ့ သူတို့တပ်ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီတိုက်ပွဲပြန်မဖြစ်ခင်က ပြဿနာကို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာဖို့ ၊  ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီနဲ့ ယူဒဗလျူအက်စ်အေ ၀ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ အနေနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့အတွက် ရှမ်းပြည် တပ်မတော်မှ လက်ကမ်းကြိုဆိုကြောင်း အကြောင်းကြားစာပေးပို့ခဲ့ပေမယ့် ခုလိုအ တိုက်ခံရတာ လို့ ထုတ်ပြန်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024