A d v e r t i s e m e n t With Us

မီးလောင်နေသည့် ဘတ်စ်ကားပေါ်မှ လူ ၂၀ ဦးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်ထဲမှာ မေလ ၁ ရက်နေ့ မနက်ပိုင်းက လမ်းမပေါ်မှာ ဘတ်စ်ကားတစီး မီးလောင်ခဲ့လို့ ကားပေါ်ပါ လူ ၂၀ ဦးကို ကယ်တင်ခဲ့ရပါတယ်။ အဲဒီဘတ်စ်ကားဟာ လမ်းမပေါ်က လမ်းလွှဲကို ရှောင်မောင်းလိုက်ချိန်မှာ လမ်းတားစတီးတန်းနဲ့ တိုက်မိပြီး ရုတ်တရက် မီးလောင်ကျွမ်းခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီဘတ်စ်ကားဆီကနေ မီးခိုးလုံးမည်းမည်းကြီးတွေ  ကောင်းကင်ပေါ် ထိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ကားပေါ်ပါ ယာဉ်မောင်းတဦးနဲ့ ခရီးသည် ၁၉ ဦးဟာ ကံကောင်းထောက်မစွာပဲ ကားထဲကနေ ထွက်နိုင်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ မီးသတ်သမားတွေဟာ အခင်းဖြစ်တဲ့နေရာဆီ အလျှင်အမြန် လာရောက်ပြီး မီးငြှိမ်းသတ်ခဲ့ကြပေမယ့် ကားတစီးလုံး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါ ဘတ်စ်ကားပေါ်ပါ ဆီကန်ကို မီးပွားကူးစက်ပြီး ရုတ်တရက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up