ဆွမ်ဆီး ၃ – ၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)
Published By
DVB | 2 May, 2016
2.8K
0
Share
0
Comment
0
Likes
မေလ ၁ ရက်နေ့က ယှဉ်ပြိုင်ကစားတဲ့ ဆွမ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆွမ်ဆီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
လီဗာပူးအသင်းဟာ ဒီအပတ်ထဲမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားဖို့ ရှိနေတာကြောင့် ဒီနေ့ပွဲမှာ ကစားသမား အနည်းငယ် အပြောင်းအလဲလုပ်ခဲ့ပြီး အရန်ကစားသမားတချို့ ထည့်သွင်းအသုံးပြုသွားပါတယ်။
ဆွမ်ဆီးအတွက် ဂိုးတွေကို ပွဲချိန် မိနစ် ၂၀ နဲ့ ၆၇ မိနစ်မှာ အန်ဒရေ အရူးက ၂ ဂိုးသွင်းပြီး ၃၃ မိနစ်မှာ ဂျက်ကော့က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။
လီဗာပူးအတွက် ချေပဂိုးတဂိုးကိုတော့ ပွဲချိန် ၆၅ မိနစ်မှာ ဘန်တီကီက သွင်းယူပေးခဲ့တာပါ။
ဆွမ်ဆီးအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အန်ဒရေ အရူးကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်တွေမှာတော့ ဆွမ်ဆီးက အသာရခဲ့တာပါ။
ပွဲချိန် ၇၆ မိနစ်မှာ လီဗာပူးအသင်းက ဘရက်ဒ် စမစ်သ် ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေကို လီဗာပူးအသင်း ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။
ဒီပွဲစဉ်အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ရာသီကုန် ဥရောပ၀င်ခွင့်တနေရာ ရဖို့အတွက် မရေမရာ ဖြစ်နေပါတယ်။
ဆွမ်ဆီးကတော့ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။