A d v e r t i s e m e n t With Us

အလုပ်ထုတ်ခံရမှု အလုပ်သမားနေ့၏ အကျယ်လောင်ဆုံး အသံဟုဆို

အလုပ်သမားနေ့အခမ်းအနားတွေကို ရန်ကုန်နဲ့ နေပြည်တော်အပါအ၀င် ဒေသအတော်များများမှာ ကျင်းပခဲ့ကြပြီး လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအသီးသီးက အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ခံရတာဟာ မေဒေးနေ့ရဲ့ အကျယ်လောင်ဆုံးအသံပဲလို့ အလုပ်သမား အရေးဆောင်ရွက်ပေးတဲ့ ရှေနေ ဦးဌေးက ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်က ဦးဆောင်ကျင်းပတဲ့ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ကနောင်ခန်းမမှာ ဒီနေ့လုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားတက်ခဲ့တဲ့ ဦးဌေးက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “အလုပ်သမားအခွင့်အရေး တောင်းလို့ အလုပ်ထုတ်ခံရတယ်၊ အဖွဲ့အစည်းအခွင့်အရေးတောင်းလို့ အလုပ်ထုတ်ခံရတယ်၊ အလုပ်ထုတ်ခံရတဲ့ကိစ္စတွေက ရှေ့တန်း ရောက်ပါတယ်ခင်ဗျ၊ ဒါလဲ အမှန်ပါပဲ။ ၂၀၁၂ ခုနှစ်တုန်းက ကျနော်တို့နဲ့ လက်တွဲလုပ်ခဲ့တဲ့ စက်ရုံက အလုပ်သမားခေါင်းဆောင်တွေ စက်ရုံတိုင်းမှာ မရှိတော့ပါဘူး၊ အလုပ်ထုတ်ခံရပြီး ဖြစ်ပါတယ်။ ၂၀၁၂ ခုမှာ ဖွဲ့စည်းခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်တွေဟာ စက်ရုံတွေမှာ မရှိတော့ပါဘူး။” အလုပ်သမားအဖွဲ့အစည်းတွေကို အကာအကွယ် မပေးနိုင်လို့ ဒီလိုဖြစ်ရတာလို့လည်း ပြောပါတယ်။ ရန်ကုန်အလုပ်သမားနေ့အခမ်းအနားကို တိုင်းအစိုးရကလည်း လုပ်ခဲ့ပြီး အဲ့ဒီပွဲကို တိုင်းအစိုးရနဲ့ အလုပ်ရှင်တွေပဲ တက်တယ်၊ အလုပ်သမားကွန်ရက်က လုပ်တဲ့ အလုပ်သမားနေ့ကိုတော့ အလုပ်သမားစစ်စစ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်တယ်လို့ ဦးဌေးက ပြောပါတယ်။ အစိုးရသစ်လက်ထက်  မေလ ၁ ရက် အလုပ်သမားနေ့အခမ်းအနားကို နေပြည်တော်၊ ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေး၊ ချောက်၊ ရေနံချောင်း စတဲ့ မြို့နယ်အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြပြီး ပျဉ်းမနားမှာလုပ်တဲ့ အလုပ်သမားနေ့အခမ်းအနားကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဓာတ်ပုံ - အိမမမွန်  

A d v e r t i s e m e n t With Us

More News
Up