Home
မြန်မာသတင်း
စစ်ပွဲများ ချက်ချင်းရပ်တန့်ရန် ရခိုင်ပြည်နယ် ၉ မြို့နယ်တွင် ဆန္ဒပြ
DVB
·
May 1, 2016
လက်တလောဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ ရက္ခိုင့် တပ်မတော်တို့ စစ်ပွဲတွေ ချက်ချင်းရပ်ပေးဖို့နဲ့ရခိုင်ပြည်နယ် မြို့နယ် ၉ မြို့နယ်က ပြည်သူ ထောင်သောင်းချီ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဦးဆောင် ဆန္ဒပြရာမှာ ကူညီဆောင်ရွက်ခဲ့သူ မြတန်းဆောင် ဆရာတော်ဦးနန္ဒသာရက “ဒီကနေ့ ရခိုင်ပြည်နယ် ၉ မြို့နယ်မှာ တပြိုင်တည်း ဆန္ဒပြပါတယ်။ ဦးဇင်းတောင်းဆိုချင်တာက အစိုးရတပ်မတော်က တိုင်းရင်းသားတွေကို လက်နက်တွေနဲ့ အနိုင်ကျင့်နေမယ့်အစား၊ တိုင်းရင်းတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပေးပြီး နိုင်ငံရေးအရ ဆွေးနွေးပေးစေချင်ပါတယ်။ လုပ်ပေးစေချင်ပါတယ်၊ ဦးဇင်းတို့ တိုက်တွန်းပါတယ်။ တောင်းဆိုပါတယ်။” ဒီနေ့ဆန္ဒထုတ်ဖော်ခဲ့တဲ့မြို့တွေမှာတော့ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တွေ ဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင်တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ဧပြီ ၂၉ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေလည်း ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သတင်း - ဝဏ္ဏခွာညို။ ဓာတ်ပုံ - သန်းထွန်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024