အိုလံပစ် အသင်းဝတ်စုံများဖြင့် တောင်ကိုရီးယား လှပျိုဖြူအားကစားမယ်များ (ရုပ်သံ)
ဘရာဇီးအိုလံပစ်မှာ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြု အားကစားသမားတွေ ၀တ်ဆင်မယ့် အိုလံပစ် အသင်းဝတ်စုံတွေကို တောင်ကိုရီးယား အိုလံပစ်ကော်မတီက ကြေညာလိုက်ပါတယ်။
ဝတ်စုံတွေကို ၂၀၁၂ လန်ဒန် အိုလံပစ် ရွှေတံဆိပ်ဆုရှင်တွေ ဖြစ်ကြတဲ့ Kim Ji-yeon နဲ့ Kim Hyeon-woo တို့က စံပြအနေနဲ့ ၀တ်ဆင်ပြပါတယ်။
ဝတ်စုံပေါ်မှာ နာမည်ကျော် Samsung အုပ်စုရဲ့ ဖက်ရှင်အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားပြီး တကိုယ်လုံး ခြေကျင်းဝတ်အထိ ဒဏ်ရာမရအောင် ကာကွယ်နိုင်ဖို့အပြင် ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်မယ်လို့ ဒီဇိုင်နာ Kim Soo-jung က ရှင်းပြပါတယ်။
ဘရာဇီးနိုင်ငံ အိုလံပစ်ရာသီမှာ ခြင်က သယ်ဆောင်တဲ့ ဇီကာ ဗိုင်းရပ် အန္တရာယ်ကြောင့် စိုးရိမ်မှုတွေ တိုးပွားနေတာပါ။
လန်ဒန် အိုလံပစ် ငွေတံဆိပ်ဆုရှင် Lee Dae-hoon ကလည်း ၀တ်စုံသစ်က သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။
ရီယို ဒီ ဂျန်နေရိုးမြို့မှာ နွေရာသီ အိုလံပစ် ပွဲတော်ကို သြဂုတ် ၅ ရက်နေ့ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။