အိုလံပစ် အသင်းဝတ်စုံများဖြင့် တောင်ကိုရီးယား လှပျိုဖြူအားကစားမယ်များ (ရုပ်သံ)

ဘရာဇီးအိုလံပစ်မှာ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြု အားကစားသမားတွေ ၀တ်ဆင်မယ့် အိုလံပစ် အသင်းဝတ်စုံတွေကို တောင်ကိုရီးယား အိုလံပစ်ကော်မတီက ကြေညာလိုက်ပါတယ်။ ၀တ်စုံတွေကို ၂၀၁၂ လန်ဒန် အိုလံပစ် ရွှေတံဆိပ်ဆုရှင်တွေ ဖြစ်ကြတဲ့ Kim Ji-yeon နဲ့  Kim Hyeon-woo တို့က စံပြအနေနဲ့ ၀တ်ဆင်ပြပါတယ်။ ၀တ်စုံပေါ်မှာ နာမည်ကျော် Samsung အုပ်စုရဲ့ ဖက်ရှင်အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားပြီး  တကိုယ်လုံး ခြေကျင်းဝတ်အထိ ဒဏ်ရာမရအောင် ကာကွယ်နိုင်ဖို့အပြင် ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်မယ်လို့ ဒီဇိုင်နာ Kim Soo-jung က ရှင်းပြပါတယ်။ ဘရာဇီးနိုင်ငံ အိုလံပစ်ရာသီမှာ ခြင်က သယ်ဆောင်တဲ့ ဇီကာ ဗိုင်းရပ် အန္တရာယ်ကြောင့်  စိုးရိမ်မှုတွေ တိုးပွားနေတာပါ။ လန်ဒန် အိုလံပစ် ငွေတံဆိပ်ဆုရှင်  Lee Dae-hoon ကလည်း ၀တ်စုံသစ်က သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။ ရီယို ဒီ ဂျန်နေရိုးမြို့မှာ နွေရာသီ အိုလံပစ် ပွဲတော်ကို သြဂုတ် ၅ ရက်နေ့ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up