A d v e r t i s e m e n t With Us

အစိုးရသစ် မဖွဲ့စည်းနိုင်သည့်အတွက် ဆန္ဒပြသူများ အီဂျစ်ပါလီမန် ၀င်စီး (ရုပ်သံ)

အီရတ်အစိုးရအဖွဲ့သစ် မဖွဲ့စည်းနိုင်ဘဲ အချိန်တွေ ကြန့်ကြာနေတာကို မကျေနပ်တဲ့ အီရတ်နိုင်ငံရဲ့ ရှီယာမွတ်စလင်တွေ ဧပြီ ၃၀ ရက်နေ့က အီရတ်ပါလီမန်ကို ၀င်ရောက် ဆန္ဒပြခဲ့ကြပြီး ညအိပ်သိမ်းပိုက်ခဲ့ကြပါတယ်။ အီရတ်နိုင်ငံရဲ့ ရှီယာဘာသာရေးခေါင်းဆောင် မွတ်ဒတာ ဆဒါးကို ထောက်ခံသူတွေ ရာနဲ့ချီပြီး ဘတ်ဒက်မြို့တော်ရဲ့ အစိုးရရုံးတွေနဲ့ နိုင်ငံတကာတပ်တွေ ထားရှိတပ်စွဲခဲ့တဲ့ လုံခြုံရးအဆင့်မြင့် Green Zone ထဲကို ချိုးဖျက်ဝင်ရောက်ခဲ့ကြတာပါ။ ဆန္ဒပြသူတွေ ပါလီမန်အဆောက်အဦထဲ ၀င်ရောက်ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ရှီယာဘာသာရေးခေါင်းဆောင် ဆဒါးက ဘာသာရေးခွဲခြားမှုမရှိတဲ့ ၀န်ကြီးသစ်တွေနဲ့ အီရတ်အစိုးရအဖွဲ့သစ်ကို အစားထိုးဖွဲ့စည်းဖို့ ဖိအားပေးတိုက်တွန်းနေပေမယ့် ပါလီမန်အတွင်း အင်အားကြီး ပါတီတွေက လိုက်ကန့်ကွက်နေတဲ့အတွက် သီတင်းပတ်တွေနဲ့ချီပြီး မဖွဲ့စည်းနိုင်ဖြစ်နေတာပါ။ ဧပြီ ၃၀ ရက်နေ့ ပါလီမန်မှာလည်း မအောင်မြင်ခဲ့တဲ့အတွက် Green Zone အပြင်ဘက်မှာ ဆန္ဒပြသူတွေက အထဲကို ချိုးဖျက်ဝင်ရောက်ခဲ့ကြတာပါ။ ၂၀၁၄ ခုနှစ်က တက်လာတဲ့ လက်ရှိဝန်ကြီးချုပ် အဘာဒီက အစိုးရတွင်း အဂတိတိုက်ဖျက်ပြီး ဘာသာရေးလူမျိုးရေးခွဲခြားမှုမရှိတဲ့ အီရတ်အစိုးရသစ်ဖွဲ့စည်းမယ်ဆိုပြီး ကြွေးကြော်ခဲ့ပေမယ့် အခုချိန်အထိ လက်တွေ့မှာ မဖွဲ့နိုင်သေးတာပါ။

A d v e r t i s e m e n t With Us

More News
Up