နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးအိမ်ပြောင်းပြီ
DVB
·
May 1, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ ၀န်ကြီးနေအိမ်ကို ဧပြီ ၃၀ ရက်က အပြီးပြောင်းရွှေ့နေထိုင်နေပြီလို့ အန်အယ်လ်ဒီထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောပါတယ်။
သူ့ရဲ့ နေပြည်တော် နှင်းဆီစံအိမ်ကနေ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ၀န်ကြီးအိမ်ကို ပြောင်းခဲ့တာဖြစ်ပြီး မနေ့ကတော့ ပစ္စည်းတွေပါ အပြီးပြောင်းခဲ့တာ ဖြစ်ပါတယ်။
သူနေတဲ့လမ်းမှာ ၀န်ကြီးအိမ်တန်း ၄ လုံးရှိပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်လည်း အဲ့ဒီလမ်းမှာရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အခု ပြောင်းနေတဲ့ ၀န်ကြီးအိမ်ဟာ အရင် သမ္မတရုံးဝန်ကြီး ဦးလှထွန်း နေခဲ့တဲ့ အိမ်လို့ စုံစမ်းသိရှိရပါတယ်။