ပြည်နယ်တိုင်း ၁၁ ခုတွင် မိုးသက်လေပြင်းကျနိုင်
DVB
·
May 1, 2016
ပြည်နယ်တိုင်း ၁၁ ခုမှာ မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင်တွေကြောင့် လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသည်းထန်ခြင်း နဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကယားပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် စစ်ကိုင်းနဲ့မန္တလေတိုင်းတို့မှာ မိုးတိမ်တောင် အန္တရာယ်ရှိတယ်လို့ ခန့်မှန်းဖော်ပြပါတယ်။
ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာ ကွက်ကျားမိုးထစ်ချုန်း ရွာနိုင်ပါတယ်။