A d v e r t i s e m e n t With Us

ရော်နယ်ဒိုနှင့်ဘန်ဇီမာ ဒဏ်ရာရမှုကြောင့် ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ စိုးရိမ်ဟု ဇီဒန်းပြော

ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှေ့တန်းသမား ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ ဒဏ်ရာကိုယ်စီ ရရှိထားတာကြောင့် မေလ ၄ ရက်နေ့ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲအတွက် စိုးရိမ်နေတယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။ အရင်တပတ်က မန်ချက်စတာအိမ်ကွင်းမှာ ကစားတဲ့ အကြိုဗိုလ်လုပွဲ ပထမအကျော့မှာ ရော်နယ်ဒိုကို ပွဲမထုတ်နိုင်ခဲ့ပါဘူး။ ဂိုးမရှိ သရောကျတဲ့ပွဲမှာ ရော်နယ်ဒို မပါနိုင်တာဟာ ပွဲမတိုင်ခင် တရက်က လေ့ကျင့်ရင်း ပေါင်ဒဏ်ရာ ရရှိခဲ့တာကြောင့်လို့ ဇီဒန်းက ပြောပါတယ်။ ဘန်ဇီမာနဲ့ ရော်နယ်ဒိုတို့ မပါနိုင်တဲ့အတွက် စိုးရိမ်တာမျိုး မဟုတ်ဘဲ၊ ဒဏ်ရာရ ကစားသမားတွေ တယောက် ရှိနေရင်တောင် အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူတို့ ၂ ယောက်လုံး အပြည့်အ၀ ပြန်ကောင်းဖို့ဟာ အရေးအကြီးဆုံးပဲလို့ သတင်းစာရှင်းလင်းပွဲမှာ ဇီဒန်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up