A d v e r t i s e m e n t With Us

ဂျပန်တွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော်နှစ်ဦး ထိုးသတ်မည်

မေ ၁ ရက်ညနေ ကျင်းပမယ့် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ Yokohama Cultural Gymnasium နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲကြီးမှာ မြန်မာ့ရိုးရာ လက်ဝှေ့ကို အထူးပွဲစဉ်တွေအဖြစ် ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ကျော် ဉာဏ်လင်းအောင်က ဂျပန်လက်ဝှေ့ကျော် ခနဲကို ဒိုင်အီခီ Kaneko Daiki နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စောဂေါ်မူဒိုက မွေ့ထိုင်းလက်ဝှေ့ကျော် Ploytaksin Nor Naksin နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ကြပါတယ်။ ဒီပွဲမှာ ဗလာလက်သီး၊ ဒူး၊ တံတောင် ခေါင်းတိုက် အပါအဝင် တကိုယ်လုံးကို ရိုးရာစည်းမျဉ်းစနစ်အတိုင်း အပြည့်အဝ ယှဉ်ပြိုင်မှာမို့ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ရှိတယ်လို့ မြန်မာ့ရိုးရာလက်ဝှေ့ကျော် ဉာဏ်လင်းအောင်က ယိုကိုဟားမားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဓာတ်ပုံ - Kane ko  

A d v e r t i s e m e n t With Us

More News
Up