Home
မြန်မာသတင်း
အင်းလေးကန်နှင့်​ ဆပ်စပ်လယ်ဧက နှစ်ထောင်ကျော် ရေမြုပ်
ရွှေအောင်
·
August 26, 2011
ညောင်ရေမြို့အောက်ဘက် အင်းလေးကန်နဲ့ဆက်စပ်နေတဲ့ ရွာသာကျေးရွာအုပ်စုက လယ်တွေ ရေမြုပ်နေတယ်လို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ “ညောင်ရွှေနဲ့ ခေါင်တိုင်သွားတဲ့ တာပတ်လမ်းကြီးကို ဖောက်လိုက်တော့ အဲဒီတာပတ်လမ်းထဲမှာ နဂိုလုပ်ထားတဲ့ ရေပြွန်ပေါက်လေးက နည်းနေတယ်။ အဲဒီတာပတ်လမ်းရဲ့ ညာဘက်မှာ ရှိတဲ့နေရာမှာ ရေက မြင့်နေတယ်။ ဘယ်ဘက်မှာရှိတဲ့ အင်းလေးကန်နဲ့ ဆက်စပ်နေတဲ့ အပိုင်းကတော့ ရေမျက်နှာပြင်က  နိမ့်နေတယ်။ အဲဒီနိမ့်နေတဲ့ အထဲမှာ အဲဒီတာပတ်လမ်းမှာ ရှိနေတဲ့အတွက် ရေထွက်တယ်။ အရင်က လုပ်ထားတဲ့ မြောင်း ၂ မြောင်းမှာတော့ ထွက်တယ်။ အပေါ်က စီးလာတဲ့ရေနဲ့ ထွက်အားနဲ့မမျှတော့ တာပတ်လမ်းရဲ့ မြောက်ဘက်မှာရှိတဲ့ လယ်ကွင်းတွေတော့ ရေမြုပ်ကုန်တယ်။ ” ရေမြုပ်နေတဲ့ လယ်ဧကနှစ်ထောင်ကျော်မှာ တထောင်ကျော်က ရိတ်သိမ်းရတော့မှာ​ ဖြစ်ပြီး နှစ်ရက်သုံးရက်အတွင်း မရိတ်သိမ်းရင် စပါးတွေ​ ပျက်စီး ဆုံးရှုံးတော့မှာပါ။ တနင်္လာနေ့ကစပြီး အင်းလေးဒေသမှာ မိုးကြီးခဲ့တာကြောင့် ညောင်ရွှေ-ရွှေညောင်လမ်း ရေကျော်ခဲ့တာ ပြန်ကျသွားပါပြီ။ အခု လယ်တွေ​ ရေမြုပ်တဲ့ ရွာတွေကတော့ အနိမ့်ပိုင်းထဲမှာ​ ရှိနေတာဖြစ်ပြီး ရေပြန်မထွက်ဘဲ လယ်တွေ ရေမြုပ်ကျန်ရစ်နေတာပါ။ တာပတ်လမ်းကို ဖောက်ထုတ်ဖို့အတွက် ပြည်နယ်အစိုးရထံ တင်ပြဆောင်ရွက် နေတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024