နေရောင်ခြည်ဖြင့် ထွန်းညှိခဲ့သည့် အိုလံပစ် မီးရှူးတိုင် လွှဲပြောင်း (ရုပ်သံ)

869
နေရောင်ခြည်နဲ့ ထွန်းညှိခဲ့တဲ့ အိုလံပစ် မီးရှူးတိုင်ကို ရီယို အိုလံပစ် ကျင်းပရေး ကော်မတီ လက်ကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
ဘရာဇီး အိုလံပစ် ပွဲတော် မတိုင်ခင် ရက်ပေါင်း ၁၀၀ တိတိ အလိုမှာ အေသင်မြို့က ပါနာသီနရစ် အားကစားကွင်းကြီးမှာ အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့တာပါ။
ဧပြီ ၂၈ ရက်နေ့ မလွှဲပြောင်းပေးခင်မှာ ဂရိနိုင်ငံအတွင်း ၆ ရက်တာ လှည့်လည်ခဲ့ပါတယ်။ အိုလံပစ် မီးရှူးတိုင်ကို ဂရိနိုင်ငံကနေ တဆင့် နိုင်ငံတကာ အိုလံပစ် ကော်မတီရုံးစိုက်ရာ ဆွစ်ဇလန် နိုငိငံ ဂျီနီဗာ၊ လောစန်မြို့တို့ကို ဆက်လက် သယ်ဆောင်မှာပါ။
မီးရှူးတိုင်ကို လေယာဉ်ပေါ်တင် သယ်ဆောင်လို့ ရအောင်၊ လေထန်တဲ့အခါမျိုးမှာတောင် မီးငြိမ်းမသွားအောင် စနစ်တကျ လုံလုံခြုံခြုံ စီစဉ်ထားပါတယ်။
နေရောင်ခြည်ကနေ ထွန်းညှိထားတဲ့ မီးတောက်ကနေ မီးရှူးတိုင်တွေ အမြောက်အမြားကို ထွန်းညှိထားတာကြောင့် မမျှော်လင့်ဘဲ မီးတတိုင် ငြိမ်းသွားခဲ့ရင်တောင် တခြား မီးရှူးတိုင်တွေကို အိုလံပစ် မီးရှူးတိုင်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။