မြန်မာအလုပ်သမားအုပ်စု ကားတိုက်ခံရမှု စီစီတီဗွီရုပ်သံ ထွက်ပေါ် (ရုပ်သံ
DVB
·
April 30, 2016
ထိုင်းနိုင်ငံ ရနောင်းမြို့ စဖန်ပလားလမ်း .SIFCO အအေးခန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ဒီနေ့မနက်ပိုင်း အလုပ်ဆင်းဖို့ ကားစောင့်နေတုန်း အစုအပြုံလိုက် ကားတိုက်ခံရမှုကြောင့် သေဆုံးသူ ၅ ဦး ရှိသွားပြီ ဖြစ်ပြီး ၂ ဦးက အခြေနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။
သစ်သီးတင်ထားတဲ့ ဟိုင်းလပ်ကား ဘရိတ်ပေါက်ပြီး မြန်မာအလုပ်သမားအုပ်ထဲ ၀င်တိုက်သွားတာကို စီစီတီဗွီက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ မြန်မာအလုပ်သမားတွေဟာ အလုပ်ကလာခေါ်မယ့် ကားကို လမ်းဘေးမှာ ထိုင်းစောင့်နေတုန်း သစ်သီးတင်ကားက ၀င်တိုက်သွားတာကို တွေ့ရပါတယ်။
ကားတိုက်ခံရတာ မြန်မာအလုပ်သမား စုစုပေါင်း ၁၄ ဦးဖြစ်ပြီး ၅ ဦး သေဆုံးကာ ၂ ဦးကတော့ ဆေးရုံပေါ်မှာ အခြေနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။
ရုပ်သံ - Samphan Ranong