A d v e r t i s e m e n t With Us

မီးရှို့ကတ်ထူဖာများဖြင့် ဘိုလီးဗီးယားရဲတပ်ဖွဲ့ကို ပစ်ပေါက်ခဲ့သည့် မသန်စွမ်းဆန္ဒပြသူများ (ရုပ်သံ)

ဘိုလီးဗီးယားနိုင်ငံ လာပက်ဇ်မှာ အစိုးရပေးတဲ့ ခံစားခွင့် တိုးမြှင့်ပေးဖို့ ဖိအားပေးနေတဲ့ မသန်စွမ်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၂၉ ရက်မှာ နိုင်ငံတ၀န်းလှည့်လည် ဆန္ဒပြတဲ့ မသန်စွမ်းတွေ ဘိုလီးဘီးယားမြို့တော်ကို ရောက်ရှိလာရာမှာ ရဲတွေက တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက မီးရှို့ထားတဲ့ ကတ်ထူဖာတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ပါတယ်။ မသန်စွမ်းဆန္ဒပြတဲ့သူ ၁၅၀ နဲ့ အတူ မိသားစုဝင်တွေက မိုင်ပေါင်း ၂၃၄ မိုင်ကို လမ်းလျောက်ပြီး လက်ရှိရနေတဲ့ နှစ်စဉ်အကျိုးခံစားခွင့်ဒေါ်လာ ၁၄၄ ကို လစဉ် အကျိုးခံစားခွင့် အနေနဲ့ ဒေါ်လာ ၇၂ ဒေါ်လာနဲ့ ပြောင်းလဲ ခံစားခွင့်ရဖို့ တောင်းဆိုပါတယ်။ ဘိုလီးဘီးယားအစိုးရက အရင်ကတည်းက ဒီလိုတိုးမြှင့်ပေးဖို့ ငြင်းဆန်ထားပေမယ့် ဆန္ဒပြမှုတွေက ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အစောပိုင်းက သမ္မတက အပစ်ပယ်ခံသူတွေကို ပိုမို ကူညီပေးဖို့ ကတိပေးထားပေမယ့် အခုတော့ ကတိမတည်ဘူးလို့ ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။ ဘိုလီးဘီးယားအစိုးရ၀န်ကြီးကတော့ ဆန္ဒပြတဲ့သူတွေရဲ့ တောင်းဆိုချက်က လက်တွေ့မကျဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up