လေပေါ်ဝဲနေသည့် ပျက်ကျ ရဟတ်ယာဉ် ဒလက် (ရုပ်သံ)

2.3K
ဧပြီ ၂၉ ရက်က နော်ဝေနိုင်ငံ ပင်လယ်ကမ်းလွန်မှာ ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ရာမှာ ရဟတ်ယာဉ်ပေါ်က ဒလက် မြေပေါ်ဝဲကျလာတာကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပါတယ်။
လေပေါ်မှာ ရဟတ်ယာဉ်ပျံနေစဉ် ဒလက်က ရဟတ်ယာဉ်နဲ့ သီးခြား ဖြစ်သွားတယ်လို့ မျက်မြင်တွေက ပြောခဲ့ပြီးနောက်ပိုင်းမှာ ရုပ်သံဖိုင်နဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်ရှိ ရဟတ်ယာဉ်ကတော့ ရေအောက်ရောက်နေပြီး ဒလက်ကိုတော့ နောက်ပိုင်းမှာ မီတာ ၂၀၀-၃၀၀ အဝေးမှာ ပြန်တွေ့ရတာလို့ နော်ဝေသတင်းဌာနက ကြေညာပါတယ်။
ရဟတ်ယာဉ်ပေါ်ပါ လူ ၁၃ ဦး သေဆုံးဖွယ် ရှိတယ်လို့ နယ်မြေခံ ရဲအဖွဲ့က နော်ဝေ သတင်းဌာနတွေကို ပြောပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ ခရီးသည် ၁၁ ဦးနဲ့ ရဟတ်ယာဉ်မောင်း ၂ ဦး ပါသွားတယ်လို့ ဆိုပါတယ်။ ၁၁ ဦးက နော်ဝေလူမျိုးတွေ ဖြစ်ပြီး ဗြိတိန်တဦးနဲ့ အီတလီ တယောက်တို့လည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ရဟတ်ယာဉ်ဟာ Statoil ကုမ္ပဏီက တူးဖော်နေတဲ့ Gullfaks B ရေနံ မြေကနေ အပြန်မှာ ပျက်ကျခဲ့တာပါ။