A d v e r t i s e m e n t With Us

အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုလျှော့ချရေး ရက် ၁၀၀ စီမံချက် စတင်

ဆောက်လုပ်ရေး ၀န်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ပါဝင်တဲ့ ရန်ကုန် - မန္တလေး အမြန်လမ်း ယာဉ်မတော်တဆဖြစ်ပွားမှု လျော့ချရေးအတွက် လမ်းအပိုင်း ပြင်ဆင်မှုများ ဒီနေ့ စတင် ဆောင်ရွက်နေပါတယ်။ ရန်ကုန် - မန္တလေး အမြန်လမ်းက မိုင် (၂၀) ကို ကျပ် ၅ ဘီယီယံ အကုန်အကျခံပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်လုပ်သွားမယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်ကတော့ အခုလို ပြင်ဆင်မှုကနေ လမ်းအပိုင်း မိုင် အားလုံးအတွက် စမ်းသပ်လုပ်ဆောင်မှုတခုဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်တို့ အစိုးရသစ်တက်တာနဲ့ တစ်လအတွင်း စပြီးဆောင်ရွက်တာပေါ့။ ပြည်သူလူထုအတွက် အကျိုးရှိနိုင်တယ်။ ဒါကတော့ ကျနော်တို့ မိုင် ၂၀ ကို စလုပ်တာပေါ့။ ရက် ၁၀၀ အတွင်း နောက်ပိုင်းတော့ ကျနော်တို့ ရန်ပုံငွေတို့ ဘာတို့ဖြည့်ရမှာပေါ့။ လုပ်ငန်းလုပ်တဲ့အခါမှာ ကုန်ကျစရိတ်တွေရော အကုန်တွက်ပြီးတော့ နောက်ပိုင်း ဒါကြီးကို မိုင် ၄၀၀ လောက်လုပ်ရမှာ ဆိုတော့ ဒါကိုစမ်းသပ်လုပ်တယ်။” ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆဖြစ်မှု မကြာခဏဖြစ်ပွားတဲ့ နေရာပေါင်း ၂၀ ကျော် ရှိပြီး ၁၂၅ မိုင်နဲ့ ၁၂၆ မိုင်ကြားမှာ အများဆုံး ဖြစ်ပွားနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်- မန္တလေး – နေပြည်တော်အမြန်လမ်းကြီးပေါ်မှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေ ဖြစ်ပွားလေ့ရှိတာဖြစ်ပြီး စတင်ဖွင့်လှစ်တဲ့ ၂၀၀၉ ခုနှစ် မတ်လက စပြီး ၂၀၁၄ ဧပြီလထိ ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော်ဖြစ်ပွားပြီး သေဆုံးသူ ၃၈၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀၀ ကျော်ရှိတယ်လို့ အစိုးရ တရားဝင် ထုတ်ပြန်ချက်အရသိရပါတယ်။ သတင်းဓာတ်ပုံ - အောင်ကိုကိုလတ်  

A d v e r t i s e m e n t With Us

More News
Up