နော်ဝေနိုင်ငံ ကျွန်းတကျွန်းပေါ် ရဟတ်ယာဉ်ပျက်ကျ (ရုပ်သံ)

နော်ဝေနိုင်ငံ အနောက်ဘက်ပိုင်း ပင်လယ်ကမ်းလွန် ကျွန်းတကျွန်းပေါ် ဧပြီ ၂၉ ရက်နေ့က ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ရာမှာ လူ ၁၃ ဦး သေဆုံးဖွယ် ရှိတယ်လို့ နယ်မြေခံ ရဲအဖွဲ့က နော်ဝေ သတင်းဌာနတွေကို ပြောပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ခရီးသည် ၁၁ ဦးနဲ့ ရဟတ်ယာဉ်မောင်း ၂ ဦး ပါသွားတယ်လို့ ဆိုပါတယ်။ ၁၁ ဦးက နော်ဝေလူမျိုးတွေ ဖြစ်ပြီး ဗြိတိန်တဦးနဲ့ အီတလီ တယောက်တို့လည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ရဟတ်ယာဉ်ဟာ Statoil ကုမ္ပဏီက တူးဖော်နေတဲ့ Gullfaks B ရေနံ မြေကနေ အပြန်မှာ ပျက်ကျခဲ့တာပါ။ ရဟတ်ယဉ်တစင်းလုံး လုံးဝ ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ရဟတ်ယာဉ် ပျက်ကျတဲ့နေရာဟာ နော်ဝေရဲ့ ဒုတိယ အကြီးဆုံးမြို့ုဖစ်တဲ့  Bergen မြို့ရဲ့  အနောက်ပိုင်းမှာ တည်ရှိပြီး ကမ်းလွန်ရေနံမြေတွေဆီ လေယာဉ်အသွားအလာတွေ များတာကြောင့် လေကြောင်း ရှုပ်ထွေးမှု ပြဿ     နာတွေ မကြာခဏ ကြံလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up