A d v e r t i s e m e n t With Us

ဂွါတီမာလာ အကြီးဆုံးအမှိုက်ပုံကြီးပြိုကျ၊ သေဆုံးသူ ၁၄ ဦးရှိပြီ (ရုပ်သံ)

ဂွါတီမာလာနိုင်ငံရဲ့ မြို့တော်မှာရှိတဲ့ အကြီးဆုံး အမှိုက်ပုံ ပြိုကျလို့ အနည်းဆုံး ၁၄ ဦး သေဆုံးပြီး ဒါဇင်နဲ့ ချီ ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဧပြီ ၃၀ ရက်နေ့က ပြောပါတယ်။ အမှိုက်ပုံဟာ နေ့စဉ် အမှိုက်ကား အစီး ၅၀၀ စွန့်ပစ်ရာနေရာဖြစ်ကာ အမှိုက်ကြားက အတိုအစတွေကို ရှာဖွေရောင်းချပြီး အသက်မွေးသူတွေ  ရှိပါတယ်။ ဧပြီ ၂၈ ရက် မနက်စောစော ၇ နာရီ မထိုးခင် အမှိုက်ပုံကြီး ပြိုကျတဲ့အချိန်မှာ ဂွါတီမာလာစီးတီးမြို့လည်း တုန်လှုပ်သွားခဲ့တယ်လို့ မြို့တော် စည်ပင်အရာရှိတယောက်ဖြစ်တဲ့ ကာလို့စ် စန်ဒိုဗယ်က မီဒီယာတွေက ပြောပြပါတယ်။ မတော်တဆဖြစ်ဖြစ်ချင်း သက်ဆိုင်ရာ မိသားစုဝင်တွေက ပျောက်ဆုံးနေသူတွေကလည်း အပျက်အစီးတွေကို ဖယ်ရှားပြီး  ရှာဖွေခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာ အသက်၇ှင်လျက် ပိတ်မိနေသူတွေ တချို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ ၂၄ ယောက်ကတော့ သေသလား၊ ရှင်သလား မသိနိုင်သေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up