ဆံပင်ပုံစံသစ်ကို နာဇီအမှတ်အသားဖြင့် တွဲတင်သည့် လိဒ်အသင်းဒါရိုက်တာ ဝေဖန်ခံရ
အင်္ဂလန် ပထမတန်း လိဒ်အသင်းက ဒါရိုက်တာက ဆံပင်ပုံစံသစ်ကို လူမှုရေးကွန်ရက်ပေါ် တင်ရာမှာ ဂျာမနီနိုင်ငံရှိ နာဇီပါတီ၏ လျှို့ဝှက်ရဲ (ဂက်စတာပို) စာသားနဲ့ တွဲတင်မိတဲ့ အတွက် ဝေဖန်ခံနေရပါတယ်။
အင်စတာဂရမ်ပို့စ်မှာ နေ့လယ်စာနားချိန် အပြောင်းအလဲဆိုတဲ့စာသားနဲ့ အတူ ဆံပင်ညှပ်ဆရာနဲ့အတူ ဓာတ်ပုံရိုက်ပြီး ကလပ်အသင်းပိုင်ရှင် မာစီမို ဆီလီနိုရဲ့သား အာကိုလို ဆီလီနိုက တင်လိုက်တာ ဖြစ်ပါတယ်။
ဒီလိုတင်လိုက်တာကို လူမှုရေးကွန်ရက် သုံးသူတွေက ၀ိုင်းပြီး ဝေဖန်တဲ့ မှတ်ချက်တွေ ရေးသားခဲ့ပြီး ဝေဖန်ခဲ့ပါတယ်။
တစုံတဦးကို စိတ်ခုအောင်ရည်ရွယ်လုပ်ဆောင်တာ မဟုတ်ဘူးလို့ ဆီလီနိုက အီတလီဘာသာနဲ့ ပြန်ရေးပါတယ်။
ဧပြီ ၂၀ ကလည်း မာစီမို ဆီလီနိုရဲ့ တခြားသားတဦးက လူမှုရေး ကွန်ရက်ပေါ်မှာ ပြောဆိုခဲ့တဲ့ မှတ်ချက်ကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ပေါင် ၅ ထောင် ဒဏ်တပ်ခဲ့ပါတယ်။