အမေရိကန်တွင် လမ်းသရဲဂိုဏ်းဝင် ၁၂၀ ကို ဖမ်းဆီး
အမေရိကန် ပြည်ထောင်စု နယူယော့ခ်မြို့မှာ လမ်းသရဲဂိုဏ်း ရှင်းလင်းရေး စီမံချက်အတွင်း လူ ၁၂၀ ကို ဖမ်းဆီးထားတယ်လို့ အစိုးရရှေ့နေ ပရိဒ် ဘာရာရာက ပြောပါတယ်။
ဖမ်းထားတဲ့ လူတွေဟာ ဗရွန်း နယ်မြေမှာ ကျင်လည်တဲ့ ပြိုင်ဘက် လမ်းသရဲ ၂ ဂိုဏ်းက အဖွဲ့ဝင်တွေလို့ ဆိုပါတယ်။
သူတို့ကို လူသတ်မှု၊ ဆေးမှု၊ လက်နက်ကိုင် ရာဇ၀တ်မှု၊ လိမ်လည်မှု အပါအ၀င် အမှု မျိုးစုံနဲ့ စွဲချက် တင်ထားပါတယ်။
"2 Fly YGZ" ဂိုဏ်းနဲ့ "The Big Money Bosses" ဂိုဏ်းတို့ဟာ အဲဒီနယ်မှာ အားပြိုင်နေတာ ၁၀ နှစ်ကျော်နေပြီလို့လည်း အစိုးရရှေ့နေက ပြောပါတယ်။
အခုလို ဖမ်းဆီးမှုဟာ နယူးယော့ခ်မြို့တော် သမိုင်းမှာ အကြီးမားဆုံး လူဆိုးဖမ်းမိမှု ဖြစ်တယ်လို့လည်း ပြောပါတယ်။