ဧပြီ ၂၉ တရက်တည်း ၁၁ မြို့တွင် စံချိန်တင် ပူပြင်း

ဧပြီလ ၂၉ ရက်နေ့ တရက်ထဲမှာတင် မြို့ပေါင်း ၁၁ ခုမှာ စံချိန်တင် ပူပြင်းခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။ နေပြည်တော် တပ်ကုန်းမှာ နှစ်ပေါင်း ၃၀ကျော်အတွင်း ၄၄ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်၊ နမ့်စန်မြို့မှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ၃၉.၇ ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ၃၇ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း မိတ္ထီလာမှာ နှစ်ပေါင်း ၆၀ အတွင်း ၄၄ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမှာနှစ်ပေါင်း ၄၀ ကျော်အတွင်း ၄၆ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ၄၅ ဒီဂရီစင်တီဂရိတ်အထိ အသီးသီး စံချိန်တင် ပူပြင်းခဲ့တာ ဖြစ်ပါတယ်။ အလားတူ မကွေးတိုင်း ချောက်မြို့မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ၄၆.၄ ဒီဂရီစင်တီဂရိတ်၊ မကွေးမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ၄၆.၅ ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီးမှာ နှစ်ပေါင်း ၂၀ ခန့်အတွင်း ၄၄.၉ ဒီဂရီစင်တီဂရိတ်နဲ့ အောင်လံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ၄၄.၇ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်ပူပြင်းခဲ့ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ နှစ်ပေါင်း ၅၀ အတွင်း ၃၉.၅ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ပူပြင်းခဲ့တယ်လို့ မိုးဇလက သတင်းမှာ ဖော်ပြပါတယ်။ သင်္ကြန်အကြိုနေ့ကလည်း မြို့ ၈ ခုမှာ စံချိန်တင် ပူပြင်းခဲ့ပြီး အခုထိ စံချိန်တင်ပူပြင်းတဲ့မြို့ပေါင်း ၂၀ ခန့် ရှိသွားပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up