A d v e r t i s e m e n t With Us

ရခိုင်စစ်ပြေး ၁၁၀၀ ကျော်ရှိဟု ကုလထုတ်ပြန်

ရန်ကုန်၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံးက ရခိုင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၁၀၀ ကျော် ရှိနေပြီး သူတို့ထဲက အများစုဟာ စာသင်ကျောင်းများမှာ နေထိုင်နေကြရတယ်လို့ သတင်းထုတ်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများဟာ ရခိုင်ပြည်နယ်အတွင်း  ဧပြီလ ၂၅မှ၂၇ ရက်နေ့အထိ  ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များရှိ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်သူ စခန်း ခြောက်ခုသို့ သွားရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်းရှိ ရခိုင်ပါတီနဲ့ လွှတ်တော်အမတ်တို့ကလည်း ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည် များအတွက် အစားအသောက်နဲ့ ရွက်ဖျင်တဲများ ကူညီထောက်ပံ့ပေးဖို့ ပြည်နယ်အစိုးရနဲ့ ကုလအဖွဲ့အစည်းများကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ (ဓာတ်ပုံ - United Nations OCHA Myanmar)  

A d v e r t i s e m e n t With Us

More News
Up