A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် ရေလွှမ်းမိုး

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ် Gulfport ဒေသမှာ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ရေလွှမ်းမိုးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။ ရဲတွေက လူအယောက် ၂၀ ကျော်ကို ကယ်ခဲ့ရတယ်လို့ ဒေသခံ သတင်းတွေက ဧပြီ ၂၈ ရက်နေ့မှာ အစီရင်ခံပါတယ်။ မိုးသည်းလို့ မစ္စစ္စပီမြို့တောင်ပိုင်းက လမ်းတွေ ရေလွှမ်းခဲ့တာပါ။ ရဲတွေက ရင်ခေါင်းလောက်ထိ မြင့်နေတဲ့ ရေထဲမှာ လမ်းလျှောက်ရင်း ကလေးတွေကို ချီပြီး ဘေးကင်းတဲ့ နေရာကို သွားနေတာ မြင်ရပါတယ်။ အစောပိုင်းက ကုန်ကားတွေကို စီစဉ်ထားပေမယ့် ရေမြုပ်နေတဲ့ လမ်းတွေပေါ်မှာ လမ်းကြောင်းရှာမရ ဖြစ်ခဲ့လို့ လေမှုတ်လှေတွေကို သုံးပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ ရဲနဲ့ မီးသတ်ဌာနတွေက ဒေသခံတွေကို ရေလွှမ်းခံ အိမ်တွေကနေ ကယ်ထုတ်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up