သွေးထိုးလှုံ့ဆော်မှု၊ ကွန်ပျူတာ ရာဇ၀တ်မှုများဖြင့် လူ ၈ ဦးကို ထိုင်းရဲဖမ်းဆီး

Student activists are detained during a silent protest after Thailand's election commission filed charges against a group for posting "foul and strong" comments online criticising a military-backed draft constitution, in Bangkok, Thailand April 27, 2016. REUTERS/Jorge Silva

A student activist is detained during a silent protest after Thailand's election commission filed charges against a group for posting "foul and strong" comments online criticising a military-backed draft constitution, in Bangkok, Thailand April 27, 2016. REUTERS/Jorge Silva

977
အစိုးရကို ဆန့်ကျင်ဖို့ သွေးထိုးလှုံ့ဆော်မှု၊ ကွန်ပျူတာ ရာဇဝတ်မှုတွေနဲ့ လူ ၈ ဦးကို ထိုင်းရဲတွေက ဧပြီ ၂၈ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။
စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ အခြေခံဥပဒေမူကြမ်းအတွက် လူထုဆန္ဒခံယူပွဲ မတိုင်မီ အင်တာနက်ပေါ်က သဘောထား ကွဲလွဲသူတွေကို နှိမ်နင်းမှုအဖြစ် မီဒီယာတွေက သုံးသပ်ပါတယ်။
အခြေခံဥပဒေ မူကြမ်းနဲ့ စစ်အစိုးရကို ဝေဖန်တဲ့ မှတ်ချက်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် မီဒီယာပေါ်မှာ တင်မှုအတွက် ဒီလူ ၈ ဦးကို ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ ရဲက ပြောပါတယ်။
ဒီလုပ်ရပ်ကို နိုင်ငံအတွင်း နိုင်ငံရေးအုပ်စု နှစ်ဘက်လုံးက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။ သြဂုတ် ၇ ရက် လူထုဆန္ဒခံယူပွဲ မတိုင်ခင်မှာ ခုလိုဖြစ်တာပါ။
အရင်သီတင်းပတ်က စစ်အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ဝန်းကျင်မှာ စုရုံးခဲ့လို့ ဖမ်းဆီးမှုတွေ ဖြစ်အပြီး ခုလို တရားစွဲခံရတာပါ။
နိုင်ငံတွင်း အခြေခံဥပဒေမူကြမ်းကို ဝေဖန်မှုတွေ တိုးနေပါတယ်။ အကဲခတ်တွေကတော့ မူကြမ်းဟာ စစ်တပ်ရဲ့ နိုင်ငံရေး သြဇာကို အခိုင်အမာ အမြစ်တွယ်စေတယ်လို့ ပြောပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းအုပ်ချုပ်သူ လက်တဆုပ်စာကို ရွေးကောက်တင်မြှောက်စရာ မလိုဘဲ အထက်လွှတ်တော်ထဲမှာ ပါဝင်ဖို့ အခြေခံဥပဒေမူကြမ်းက ခွင့်ပြုထားပါတယ်။ ဒီအချက်ဟာ တခြားကိစ္စတွေ ကြားမှာ အဝေဖန်ခံရဆုံး အချက်လည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ