Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတိုးနှံနိုင်ရန် ဆောင်ရွက်မည်
DVB
·
April 29, 2016
13112970_226621867712444_353967545210968737_o
13087204_226622184379079_6178309793736311927_o
13082698_226621921045772_2038448938721775412_n
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတိုးနှံနိုင်ဖို့ကို ၂၀၁၈ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ "မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတွေကို တန်းစီမယ်ဆိုရင် ကလေးတွေမှာ အဖြစ်များတဲ့ ဒီရောဂါတွေပြီးရင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကိုပါ ဦးစားပေးအဆင့်ထဲမှာ ပါတယ်" လို့ စီမံချက်မန်နေဂျာ တိုးချဲ့ကာကွယ်ဆေးထိုးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်ပွားတက်တဲ့ ရောဂါတွေထဲမှာဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာဟာ ဒုတိယအဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ဒီရောဂါနဲ့ပဲ သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။ "မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေးထိုးနှံခြင်း၊ မထိုးနှံခြင်းတွေကို စုံစမ်းတဲ့အခါမှာ သားအိမ်ခေါင်းကင်ဆာက မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပြီးရင် ဒုတိယအဖြစ်အများဆုံး။ ဒါပေမယ့် သေဆုံးမှုကတော့ အများဖြစ်နေတယ်။ တွေ့ရတယ်လို့" လည်း ဒေါက်တာထားထားလင်းက ဆိုပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေး ၉ မျိုးတိုးပေးနေပြီး နိုင်ငံတော်အစိုးရနဲ့ အလှူရှင်အဖွဲ့စည်း တခုက ထည့်ဝင်တဲ့ ကာကွယ်ဆေး ၆ မျိုးနဲ့ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းကနေ ကူညီပေးနေတဲ့ ကာကွယ်ဆေး ၃ မျိုးတို့ကို ထိုးပေးနေတာပါ။ တကမ္ဘာလုံးစာရင်းအရ ကလေးငါးယောက်နှုန်းမှာ တစ်ယောက်က ကာကွယ်ဆေးမရတာကို တွေ့ရပြီး အဲဒီ အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အထိမ်းအမှတ် ရက်သတ္တပတ် အခမ်းအနားကို နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနရုံးမှာ ဧပြီ ၂၉ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ သတင်း - အောင်ကိုကိုလတ် (နေပြည်တော်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024