ရှက်တာဒိုးနပ်စ် ၂- ၂ ဆီဗီလား (ရုပ်သံဟိုက်လိုက်)
Published By
DVB | 29 April, 2016
1.5K
0
Share
0
Comment
0
Likes
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနပ်စ်နဲ့ စပိန်လာလီဂါကလပ် ဆီဗီလားတို့ ဧပြီ ၂၈ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။
ယူကရိန်းမှာကစားတဲ့ ပထမအကျော့ပွဲစဉ်မှာ ဆီဗီလာတို့ ပထမပိုင်း ၆ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပေမယ့် ရှက်တာဒိုးနပ်စ်က ၂၃ မိနစ်နဲ့ ၃၅ မိနစ်မှာ ၂ ဂိုးသွင်းကာ ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ၈၂ မိနစ်မှာတော့ ၂ နှစ်ဆက် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလားက ပင်နယ်တီကနေ တဆင့် ဒုတိယဂိုး သွင်းယူခဲ့လို့ ၂ ဂိုးစီ သရေကျသွားပါတယ်။
ဒီပွဲမှာ ၂ ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့် သူမသာ ကိုယ်မသာ ဖြစ်ခဲ့ပါတယ်။
အဝေးကွင်းမှာ ၂ ဂိုးရယူနိုင်တဲ့ သရေကျရလဒ်ကြောင့် ဆီဗီလားအသင်းက ၃ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။