အမေရိကန်တွင် လမ်းသူရဲဂိုဏ်းသား အယောက် ၁၂၀ ကို ဖမ်းဆီး

ဓာတ်ပုံ - NYPD
1K
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး စီးနင်းမှုလို့ ယုံကြည်ရတဲ့ စီးနင်းမှုအတွင်း ဘရွန့်စ်မြို့မှာ လမ်းသရဲဂိုဏ်းသား အယောက် ၁၂၀ ကို ရဲက ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှေ့နေ ပရိထ် ဘာရာရာက ပြောပါတယ်။
သူတို့ကို လက်နက်နဲ့ မူးယစ် ရာဇဝတ်မှုတွေ၊ လူသတ်မှုနဲ့ တရားမဝင် အသက်မွေးဝမ်းကြောင်းမှုတွေ အပါအဝင် စွဲချက်အမျိုးမျိုးနဲ့ တရားစွဲထားပါတယ်။
"2 Fly YGZ" နဲ့ "The Big Money Bosses" ဂိုဏ်း ၂ ဂိုဏ်းဟာ ဆယ်စုနှစ်တစု နီးပါးကြာအောင် အချင်းချင်း ပြိုင်ဆိုင် ရန်စောင်နေခဲ့တယ်လို့ ရှေ့နေက ဆိုပါတယ်။
ဒီဂိုဏ်းတွေဟာ ဘရွန့်စ်မြို့ အများပြည်သူ အိမ်ယာဖွံ့ဖြိုးမှု လုပ်ငန်းတွေကိုလည်း လုပ်နေတယ်လို့ ရဲက ပြောပါတယ်။
ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ ပိုကောင်းလာဖို့ အားထုတ်မှုရဲ့ အစိတ်အပိုင်းအနေနဲ့ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာလို့လည်း ဖော်ပြခဲ့ပါတယ်။