Home
မြန်မာသတင်း
တိုက်ကြီးဘူတာတွင် ရထားတွဲထိန်းဝန်ထမ်းတဦး ခြေချော်ကျရာက ရထားကြိတ်မိ
DVB
·
April 28, 2016
TikeGyi Train Station
13091903_10209053316480423_2684445789529063462_n
13095906_10209053316920434_8077330755372906816_n
ရန်ကုန်တိုင်ဒေသကြီး  တိုက်ကြီးဘူတာမှာ ရထားတွဲထိန်းဝန်ထမ်းတဦး ခြေချော်ကျရာကနေ ဘယ်ဘက်ခြေထောက်ကို ရထားကြိတ်မိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရှိခဲ့ပါတယ်။ ဧပြီ ၂၆ ရက်နေ့ ၃ နာရီ အချိန်မှာ ရန်ကုန်-ပြည် အထူးလေအိပ်ရထားရဲ့ ရထားဝန်ထမ်း ဦးနေမျိုးတင့်ဟာ တိုက်ကြီးဘူတာမှာ ဘူတာစင်္ကြန်ပေါ်ဆင်းကာ ခရီးသည်တွေ အတတ်အဆင်း ကြီးကြပ်ဆောင်ရွက်နေစဉ်ပြီး ရထားထွက်ချိန်မှာ ရထားပေါ် ခုန်တက်ရာမှ ခြေချော်ကျရာ ဝဲဘက်ခြေထောက် ဒူးအောက်ပြတ်ဒဏ်ရာနဲ့ ညာခြေ ခြေဖမိုးပြတ် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ ရထားဝန်ထမ်း ဦးနေမျိုးတင်ကို တိုက်ကြီးပြည်သူဆေးရုံကို ပို့ဆောင်ဆေးကုသမှု ခံယူပြီး အရေးပေါ်လူနာအဖြစ် ရန်ကုန်ပြည်သူဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ တိုက်ကြီး ဘူတာရုံပိုင်တာဝန်ခံ ဦးစိုးလှက ပြောပါတယ်။ အခု လက်ရှိအချိန်မှာ ဒဏ်ရာရဝန်ထမ်း  အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ဘူးလို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် ရထားတွဲစောင့် ဦးနေမျိုးတင့်ဟာ ရန်ကုန်တွဲပြင်ဌာနမှ ဝန်ထမ်းဖြစ်တဲ့ အတွက် ဒဏ်ရာရပေမယ့်လည်း ဝန်ထမ်းအချင်းချင်းဖြစ်တဲ့အတွက် အမှုမဖွင့်ဘဲ ဒဏ်ရာရ ဝန်ထမ်းကို မီးရထားရုံးချုပ်မှ ငွေကျပ် ၂ သိန်း ထောက်ပံ့ထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ရန်ကုန်-ပြည် အထူးလေအိပ်ရထားမှာ အတွဲပေါင်း ၁၀ တွဲ ပါဝင်ပြီး ရထားတတွဲမှာ ရထားဝန်ထမ်း တွဲစောင့် ၁၀ ဦးနဲ့ တွဲစောင့် ကြီးကြပ်တဦးပါရှိတယ်လို့ သိရပါတယ်။ သတင်း - မေသွယ် (CJ)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024