A d v e r t i s e m e n t With Us

လက်ပံတန်းကျောင်းသားအရေး ဆုတောင်းပွဲပြုလုပ်သူ ၆ ဦးအား အမှုပြန်လည်ရုပ်သိမ်း

ဖမ်းဆီးထိန်းသိမ်းခံခဲ့တဲ့ လက်ပံတန်းကျောင်းသားတွေနဲ့ ဝန်ရံသူတွေ လွတ်မြောက်ဖို့အတွက် ဆုတောင်းပွဲပြုလုပ်သူတွေထဲက တရားစွဲဆိုခံထားရသူ ၆ ဦးကို ဧပြီလ ၂၈ ရက်နေ့မှာ မုံရွာမြို့နယ်တရားရုံးက အမှုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံကျောင်းသားများလွှတ်မြောက်ရေးအတွက် မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း ဆီမီးထွန်းကာ ဆုတောင်းပွဲလုပ်ရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ပုဒ်မ ၅၀၅ (ခ)နဲ့ တရားလိုပြုလုပ်ခဲ့ပြီး မုံရွာမြို့နယ် တရားရုံးသို့ ဦးတိုက် တရားစွဲဆိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အမှုပြန်လည် ရုပ်သိမ်းခံရသူ ၆ ဦးကတော့ ကိုရာဇာ၊ ကိုနွေဦးကို၊ ကိုမှုံကြီး၊ ကိုနိုင်ထွဋ်၊ ဦးသန်းအေးနဲ့ ဦးမြင့်အောင်တို့ ဖြစ်ကြပါတယ်။ အခုလို အမှုမှ လွှတ်ပေးလိုက်တဲ့အတွက် အစိုးရသစ်အပေါ်မှာ ကျေးဇူးတင်ရှိကြောင်းနဲ့ ဒီမိုကရေစီအရေးအတွက် ပံ့ပိုးကူညီသွားမယ်လို့ လွှတ်မြောက်လာသူတွေက ပြောဆိုပါတယ်။ (သတင်း - ရန်နိုင်စိုး)  

A d v e r t i s e m e n t With Us

More News
Up