ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းတွင် အနိုင်ယူသည့် အက်သလက်တီကို (ရုပ်သံဟိုက်လိုက်)
Published By
DVB | 28 April, 2016
3.1K
0
Share
0
Comment
0
Likes
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်က ဂျာမနီ ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဧပြီ ၂၇ ရက်ညက အက်သလက်တီကိုကွင်းမှာ ကစားတဲ့ပွဲမှာ ပွဲစပြီး ပထမပိုင်း ၁၁ မိနစ်မှာ အက်သလက်တီကိုက ဆောနီရက်ဇ်က ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘိုင်ယန်က ပွဲကို စိုးမိုးထားပေမယ့် ဒေးဗစ်အယ်လ်ဘာရဲ့ ကန်သွင်းချက် ဘားတိုင်ထိထွက်ခဲ့သလို ဗစ်ဒယ်ရဲ့ ထိုးဖောက်မှုကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။
အက်သလက်တီကိုက တန်ပြန်တိုက်စစ်နဲ့ ပြန်လည်ကစားခဲ့ရာမှာ ဖာနန်ဒိုတောရက်စ်ရဲ့ ကန်သွင်းမှုကလည်း ဂိုးတိုင်ထိ ပြန်ထွက်လာခဲ့ပါတယ်။
ဘိုင်ယန်အသင်း ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့်ကလည်း အကြိမ် ၂၀ အထိ ရှိခဲ့ပါတယ်။
ပထမပိုင်းမှာတော့ လိုချင်တာကို အနီးစပ်ဆုံးရခဲ့ပြီး ဒုတိယပိုင်းမှာ ဘိုင်ယန်က ကောင်းပေမယ့် ကောင်းကောင်းမွန်မွန် ခံကစားနိုင်တယ်လို့ အက်သလက်တီကိုနည်းပြက ပွဲအပြီးမှာ ပြောပါတယ်။
မေ ၃ ရက်မှာတော့ ဘိုင်ယန်ကွင်းမှာ ဒုတိယအကျော့ ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲကို မေ ၂၈ ရက်မှာ ကစားသွားဖို့ ရှိနေပါတယ်။