A d v e r t i s e m e n t With Us

ရိုးမားအလယ်တန်းလူကို ချဲလ်ဆီး ခေါ်ယူ

နိုင်ဂိုလန်။ (ဓာတ်ပုံ - Getty Images)
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက အီတလီ စီးရီးအေကလပ် ရိုမားအသင်းက အလယ်တန်းကစားသမား ရာဂျာနိုင်ဂိုလန်ကို နွေရာသီမှာ ခေါ်ယူဖို့ သဘောတူညီလိုက်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် နိုင်ဂိုလန်အတွက် ချဲလ်ဆီးက ပေါင် ၂၈ သန်း အသုံးပြုပြီး ၅ နှစ် စာချုပ် ချုပ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဂိုးလ်သတင်းဌာနက ရေးပါတယ်။ ဒီအတွက် ယူရို ၂၀၁၆ အပြီး ချဲလ်ဆီးကို တာဝန်ယူမယ့် နည်းပြ အန်တိုနီယို ကွန်တီရဲ့ ပထမဆုံး လက်မှတ်ရေးထိုးတဲ့ ကစားသမားတဦးလည်း ဖြစ်လာပါတယ်။ စီရီးအေ အပြောင်းအရွှေ့ဈေးကွက်မှာ ကွန်တီက ကျွမ်းကျင်သူတဦးဖြစ်ပြီး ရိုးမားအသင်းက မကြာခဏဆိုသလို အကောင်းဆုံး ကစားသမားတွေကို ထုတ်ရောင်းတတ်တဲ့ အလေ့အထကို သိရှိထားသူလည်း ဖြစ်ပါတယ်။ ရိုးမားအသင်းက အလယ်တန်းကစားသမားကို ဆုံးရှုံးလိုက်တဲ့အတွက် အသင်းညွှန်ကြားရေးမှူး ဆာဘိုင်တီနီက ဧပြီ ၂၆ ရက်မှာ နုတ်ထွက်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up