Home
မြန်မာသတင်း
ကျားခုန်ချောက်နက်ကြီးအပေါ်မှ စွန့်စားဖြတ်ပြသူ ကြိုးတန်းလမ်းလျှောက်သမား (ရုပ်သံ)
DVB
·
April 27, 2016
တရုတ်နိုင်ငံသား ဇန်လျန်ဟာ ကျွမ်းကျင်ကြိုးတန်းလမ်းလျှောက်သမားတဦးအဖြစ် လူသိများသူတဦးပါ။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာတော့ သူဟာ ကျားခုန်ချောက်နက်ကြီးလို့ အမည်ရ တဲ့ ချောက်ကမ်းပါးအပေါ်ကနေ စွန့်စားဖြတ်ပြနိုင်ခဲ့ပါတယ်။ ကျားခုန်ချောက်နက်ကြီးဟာ တရုတ်ဘာသာစကားနဲ့ဆိုရင် ဟူကျိုးရှာလို့ အမည်ရပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ခရိုင်၊ လီကျန်းမြို့မြောက်ဘက် ၆၀ ကီ လိုမီတာအကွာမှာ တည်ရှိပါတယ်။ အဲဒီချောက်နက်ကြီးဟာ ဂျင်ရှားမြစ်အပေါ်မှာရှိနေတာဖြစ်ပြီး ယန်ဇီမြစ်နဲ့ ပေါင်း ဆုံတဲ့နေရာမှာတည်ရှိကာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ချောက်ကမ်းပါးစွန်းက အလှ အပတွေကြောင့် ကျော်ကြားပါတယ်။ ဇန်လျန်ဟာ မြစ်ရဲ့အထက် ၁၆ မီတာအမြင့်မှာ အရှည် ၆၀ မီတာရှိတဲ့ ကြိုးကို အသုံးပြုခဲ့တာဖြစ်ပြီး ဒါဟာ တော်တော့်ကို အန္တရာယ်များလှပါတယ်။ ဇန်ဟာ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်လောက်မှာ လီကျန်းမြို့ဘက်အခြမ်းကနေ တဖက် ရှန်ဂရီလာဘက်ခြမ်းကို စတင်ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာပါ။ သူဟာ ကြိုးတန်းပေါ်မှတဆင့် ဖြတ်ကျော်နေချိန်တွင်းမှာ ကြမ်းတမ်းတဲ့ လေပြင်း ကြောင့် တဝေါဝေါအော်မြည်နေတဲ့ အောက်ကမြစ်ပြင်ပေါ်ကနေ အသည်းယားစဖွယ် ဖြတ်ကျော်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဇန်ဟာ တကြိမ်တည်းတော့ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ ၈ ကြိမ်တိုင်တိုင် ရှုံး နိမ့်ခဲ့ပြီး ၉ ကြိမ်မြောက်မှာမှ အောင်မြင်စွာဖြတ်ကျော်သွားနိုင်ခဲ့တာပါ။ ခုလိုအောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ဖို့ ဇန်ဟာ အချန် ၅ မိနစ်နဲ့ ၅၈ စက္ကန့် ကြာမြင့်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024