ဒေါ်အောင်ဆန်းစုကြည် မျက်စိပြသရင်း လူနာများကို အားပေးစကားပြော
DVB
·
April 27, 2016
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်ေတာ် မျက်စိ၊ နှား၊ နှားခေါင်း လည်ချောင်းရောဂါ အထူးကုဆေးရုံမှာ ဒီနေ့ မျက်စိလာရောက်ပြသရင်း ခွဲစိတ်ကုသမယ့် လူနာတွေကို ကြည့်ရှုအားပေးခဲ့ပါတယ်။
"အန်တီဒေါ်အောင်ဆန်းစုကြည်၊ သူရဦးအောင်ကို၊ ဘဘ ဦးဝင်ထိန်၊ ဒေါ်ရွှေပုံရယ် အကုန်လုံးကို အောင်မြင်စွာနဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ အခုလေးယောက်လုံးကလည်း ခွဲစိတ်မှုအောင်မြင်ပြီးတဲ့အခါကြတော့ မျက်စိအမြင်အာရုံတွေ ကောင်းကောင်း ရရှိနေပါတယ်။ ခွဲစိတ်မှုအောင်မြင်ပါတယ်။ ဒီလိုမျိုး အမေစုတို့ လာရောက်ခွဲစိတ်တဲ့အတွက်လည်း ကျမတို့ ဆေးရုံကြီးနဲ့ ဆေးလောကသားတွေ အကုန်လုံးအတွက်လည်း ဂုဏ်ယူတယ်" လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ဒီဆေးရုံကြီးမှာ နှာ၊ နှာခေါင်း လည်ချောင်း ပြသကုသမှု ဦးရေ နေ့စဉ် ၅၀ နီးပါရှိတယ်လို့ ဆိုပါတယ်။
"ဒီနေ့မနက် ခွဲစိတ်မယ့် လူနာက ၃၀ ကျော်၊ ၄၀ လောက်ရှိပါတယ်။ ပြင်ပလူ နာဌာနမှာက ၄၅ ဦးလောက်ရှိပါတယ်" လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ဓာတ်ပုံ - ကိုလတ်