A d v e r t i s e m e n t With Us

ခြေသုံးချောင်းနှင့် ခွေးကလေး တိရစ္ဆာန်ချစ်သူများကြား ရေပန်းစား (ဓာတ်ပုံ)

လွိုက်ဒ်လို့ အမည်ရတဲ့ ခွေးကလေးဟာ ခြေထောက်တချောင်း ဆုံးရှုံးခဲ့ရပြီးနောက် ထိုင်းနိုင်ငံ တိရစ္ဆာန်ချစ်သူတွေကြား အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ လွိုက်ဒ်ရဲ့ ဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကြည့်ရှုပြီး ပြန်လည်မျှဝေ မှတ်ချက်ပေးကြသူတွေဟာ သောင်းနဲ့ချီ ရှိနေခဲ့တယ်လို့ ထိုင်းအခြေစို်က် Voice TV သတင်းမှာ ဖော်ပြပါတယ်။ လွိုက်ဒ်ဟာ ချီဘာအင်နူ ဂျပန်ခွေးအမျိုးအစားဖြစ်ကာ ဘန်ကန်ခရိုင်၊ ကာဆက်တက္ကသိုလ် တိရစ္ဆာန်ကုသရေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ။ အဆိုပါဆေးရုံရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တိရစ္ဆာန်ချစ်သူတွေဟာ ခွေးကလေး လွိုက်ဒ်အတွက် ဂရုတစိုက် ဆုတောင်းပေးကြတဲ့ စာပေါင်းများစွာကို မှတ်ချက်ရေးခဲ့ကြတာပါ။ လွိုက်ဒ်ဟာ ခြေသုံးချောင်းတည်းနဲ့ ဘယ်လိုလမ်းလျှောက်ရမလဲ ဆိုတာကို သင်ယူနေပြီး ပိုင်ရှင်ဖြစ်သူ စီကာဝပ်ရဲ့ အကူအညီနဲ့ အဆင်ပြေစေဖို့ ဆုတောင်းပေးခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ လွိုက်ဒ်ရဲ့ သွေးဖိအားဟာ ပုံမှန်အတိုင်းပဲ ဖြစ်လာခဲ့ပြီး ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ ဆိုပါတယ်။ ဓာတ်ပုံ -  ဖေ့စ်ဘွတ်ခ်  

A d v e r t i s e m e n t With Us

More News
Up