၂၀၁၆ နှစ်ကုန် ရုရှား တိုက်လေယာဉ်များ မြန်မာကို ပေးပို့မည်
DVB
·
April 27, 2016
၂၀၁၆ ခုနှစ် အကုန်မှာ ရုရှားနိုင်ငံက တိုက်လေယာဉ် ၃ စီး မြန်မာကို ပေးပို့သွားဖို့ စီစဉ်နေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
ရုရှားအစိုးရပိုင် လက်နက်တင်ပို့တဲ့ Rosoboronexportနဲ့ Irkuတို့က Yak 130 လေယာဉ် ၃ စင်းနဲ့ အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တွေကို ဒီနှစ်အကုန်မှာ ပေးသွားမယ်လို့ ရုရှား သတင်းတွေကို ကိုးကားပြီး Sputnik သတင်းက ရေးပါတယ်။
ရုရှားနေ့စဉ်သတင်းစာ Kommersant ကတော့ ဒီနှစ်အကုန်မှာ တိုက်လေယာဉ် ၃ စင်း မြန်မာကို ပေးပို့သွားဖို့ စီစဉ်နေတယ်လို့ ရေးပါတယ်။
တိုက်လေယာဉ်တွေ ပေးပို့သွားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကိုတော့ ရရှိထားခြင်း မရှိပေမယ့် တင်ပို့မယ့် တန်ဖိုးကတော့ ဒေါ်လာ ၁၅ သန်း အထိ ရှိတယ်လို့ ဆိုပါတယ်။
Yak-130 ဟာ ရုရှားလုပ် အသံထက်မြန်ပြီး လူ ၂ ယောက်စီးနင်းနိုင်တဲ့ လေယာဉ်ဖြစ်ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ပိုမိုကောင်းမွန်အောင်တည်ဆောက်ထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြန်မာက ဒီတိုက်လေယာဉ်ကို စိတ်ဝင်စားမှုရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ် ဇွန်မှာတော့ Y-130ကို ၀ယ်ယူဖို့ လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။
အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်တို့ပြီးရင် မြန်မာက ဒီလေယာဉ်တွေကို ထပ်ဝယ်ယူတဲ့ ဖောက်သည်တဦး ဖြစ်လာပါတယ်။