A d v e r t i s e m e n t With Us

လူနေရပ်ကွက်ကို ၀င်ရောက်လာသည့် ၀က်ဝံ (ရုပ်သံ)

ဧပြီ ၂၅ ရက် ညပိုင်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား စလီမာ လူနေရပ်ကွက်အတွင်းကို ၀က်ဝံတကောင် မထင်မှတ်ဘဲ ရောက်လာပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အရာရှိနဲ့ လော့စ်အိန်ဂျယ်လိစ်ရဲတွေကို ရှောင်ရှားဖို့ ၀က်ဝံက လူနေအိမ်နောက်ဖေးတွေကို ကုတ်တက် ခြံစည်းရိုးကို ကျော်သွားခဲ့ပါတယ်။ တနာရီနီးပါးလောက်ကြာအောင် ဒီဝက်ဝံနောက်ကို လိုက်ခဲ့ပြီးမှာတော့ ၀က်ဝံကို ငြိမ်ဆေးပေးပြီး ပစ်ကပ်ကား အနောက်မှာ တင်ဆောင် ခေါ်သွားပါတယ်။ ၀က်ဝံ လူနေအိမ်တွေအကြား ရောက်လာပေမယ့် တဦးတယောက်မှ ထိခိုက်မှုမရှိဘူးလို့ ဒေသခံ သတင်းတွေက ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up