လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့နယ် ရွာတုံကျေးရွာရှိ ဘုရားထီးတော် မြေခပျက်စီး

မုံရွာမြို့နယ် ရွာတုံကျေးရွာမှာ ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားဝင်းအတွင်းရှိ ဘုရားစေတီတစ်ဆူ ထီးတော်နှင့် ကြက်မောက်ကြက်လန် မြေခပျက်စီးခဲ့ ပါတယ်။ အခုလို ထီးတော်မြေခတာနဲ့ပတ်သတ်ပြီး ဘုရားစေတီအောက်မှာ ရှိတဲ့ လူများမှာတော့ တစုံတရာ ဒဏ်ရာရတာ မရှိဘူးလို့ သိပါတယ်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရွာတုံရွာအနီးရှိ သက်တန်းရင့် သစ်ပင်ကြီးတွေ အမြစ်ကစပြီး ပြိုလဲပျက်စီးခဲ့ကာ ရွှေဘို-မုံရွာလမ်းမကြီးလည်း ခေတ္တပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ (သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up