A d v e r t i s e m e n t With Us

၂၀၂၀ တိုကျိုအိုလံပစ် အမှတ်တံဆိပ်ဒီဇိုင်း ကြေညာ

၂၀၂၀ တိုကျိုအိုလံပစ်ကျရင် အသုံးပြုမယ့် အမှတ်တံဆိပ် ဒီဇိုင်းကို အားကစားပွဲ ဖြစ်မြောက်ရေး စီစဉ်သူတွေက ဧပြီ ၂၅ ရက်နေ့က ကြေညာပါတယ်။ ဒီဇိုင်းပညာရှင်တွေ ပေးပို့ထားတဲ့ အမှတ်တံဆိပ်ပေါင်း ၁၄၅၉၉ ခုထဲက ဆန်ကာတင် ၄ ခုကို ရွေးချယ်ခဲ့ပြီး အခု နောက်ဆုံးတခုကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ရွေးချယ်ရေးအဖွဲ့ဝင် ၂၁ ဦးထဲက ၁၃ ဦးက ရွေးချယ်တဲ့ ဒီဇိုင်းကို ရွေးချယ်လိုက်တာလို့ ၂၀၂၀ တိုကျို အိုလံပစ် အမှတ်တံဆိပ် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ဒီဇိုင်းပညာရှင် အက်ဆာအို တိုကိုရိုရဲ့ လက်ရာဖြစ်ပြီး ဖန်တီးသူကိုယ်တိုင်က ရွေးချယ်ခံရတဲ့အတွက် အံ့သြ၀မ်းသာ ဖြစ်နေပါတယ်။ ၂၀၂၀ တိုကျို အိုလံပစ်အတွက် အရင်က ရွေးချယ်ထားတဲ့ အမှတ်တံဆိပ်ဟာ မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားခဲ့ရလို့ မနှစ်က ပယ်ဖျက်ခဲ့ရဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up