ကလေးဝမြို့မဈေးတွင်း အသားဆိုင်များအား ကြက်တုပ်ကွေးရောဂါရှိမရှိ လိုက်လံစစ်ဆေး
ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းက ကလေးဝမြို့ မြို့မဈေးအတွင်းမှာရှိတဲ့ အသားရောင်းချတဲ့ ဆိုင်တွေကို စည်ပင်အဖွဲ့နဲ့အတူ စားသုံးသူ ကာကွယ်ရေးအသင်း၊ တိမွေးကုဌာနတို ပူးပေါင်းကာ ကြက်ငှက်တုပ်ကွေး ရှိမရှိ လိုက်လံ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ ၂၂ ရက်နေ့က ကလေးဝကို မုံရွာကနေ ယာကြီးလမ်းအသုံးပြုပြီး ကြက်တင်ကားအချို့ ထွက်လာတယ် သတင်းကြားတယ်။ ပြီးတော့ မုံရွာမှာလည်း ဖြစ်နေတယ်ဆိုတော့ ခုလို စစ်ဆေးရတာပါ။ ဒီနယ်တစ်ဝိုက်မှာတော့ ဖြစ်တယ်ဆိုတဲ့အသံ မကြားရသေးပါဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့လုပ်တာပါ”လို့ စစ်ဆေးရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
(သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်)