A d v e r t i s e m e n t With Us

ထိုင်း​နိုင်ငံ​ရောက် မြန်မာဒုက္ခသည်များ​ ပြန်ပို့​ရန် မလွယ်ကူ​သေး​ဟုဆို

မြန်မာဒုက္ခသည်​တွေကို ထိုင်း​အစိုး​ရအ​နေနဲ့​ ပြန်ပို့​ဖို့​ မဖြစ်နိုင်​သေး​ဘူး​လို့​ ထိုင်း​အမျိုး​သား​ လူ့​အခွင့်​အ​ရေး​ကော်မရှင်က ထုတ်​ဖော်​ပြောကြား​ပါတယ်။ နယ်စပ်တိုက်ပွဲ​တွေ​ကြောင့်​ အိုး​အိမ်စွန့်​ခွာထွက်​ပြေး​ခဲ့​ရတဲ့​ မြန်မာဒုက္ခသည်​တွေ ​နေရပ်ပြန်ဖို့​ တပ်ခရိုင်ဝန်စံမလွိုင်ဖား​က ဒုက္ခသည်စခန်း​ တာဝန်ခံ​တွေကိုစာရင်း​လုပ်ဖို့​ ညွှန်ကြား​ချက်ထုတ်ပြန်ထား​ပြီး​ ဖြစ်​ကြောင်း​ ​ပြောဆိုချက်​တွေအ​ပေါ် ထိုင်း​လူ့​အခွင့်​အ​ရေး​ကော်မရှင်က တုံ့​ပြန်​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။ ထိုင်း​လူ့​အခွင့်​အ​ရေး​ကော်မရှင်ရဲ့​ ဒုက္ခသည်​တွေနဲ့​ ​ရွှေ့​ပြောင်း​အလုပ်သမား​ရေး​ ဆပ်​ကော်မတီ ဥက္ကဋ္ဌ စူရဖုန်း​ကောင်ကျန်ထိက နယ်စပ်​ဒေသ​တွေမှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေပြီး​ အစိုး​ရသစ်အ​နေနဲ့​ ထင်သာမြင်သာရှိတဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေကို မပြုလုပ်​သေး​တာ​ကြောင့်​ ဒုက္ခသည်​တွေ ​နေရပ်ပြန်ဖို့​ မဖြစ်နိုင်​သေး​ဘူး​လို့​ ​ပြောပါတယ်။ “​နေရပ်ပြန်ပို့​တာနဲ့​ပတ်သက်ပြီး​ လိုက်နာရမယ့်​ မူအချက်​တွေကို ဆိုင်ရာ အစိုး​ရဌာန​တွေကို ကျ​နော်တို့​ပို့​ထား​ခဲ့​တယ်။ နံပါတ်တစ်က စိတ်ဆန္ဒအရ ပြန်တာဖြစ်ရမယ်။ နံပါတ်နှစ်က​တော့​ မူလနိုင်ငံက အသင့်​ဖြစ်​နေရမယ်။ အသင့်​ဖြစ်တယ်ဆိုတာက မူလနိုင်ငံက အသင့်​ဖြစ်​နေပါပြီလို့​သူတို့​ကိုယ်တိုင် ​ပြောတာ မဟုတ်ဘူး​။ ယူအန်အိပ်ခ်ျစီအာ (ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​) လို အဖွဲ့​အစည်း​က ဝင်​ရောက် စိစစ်ရမှာဖြစ်တယ်။ ယူအန်အိပ်ခ်ျစီအာ က​နေပြီး​ အ​ခြေအ​နေမှန်ကို ဝင်စစ်​ဆေး​တာ တခါမှမရှိ​သေး​ဘူး​။ ဒီကိစ္စဟာ နှစ်နိုင်ငံနဲ့​မပြီး​ဘူး​။ ဒါဟာ နိုင်ငံတကာကိစ္စဖြစ်တယ်။ တပ်ခရိုင်ဝန်က ခုလို​ဆောင်ရွက်​နေတာဟာ အကျိုး​အ​ကြောင်း​ မဆီ​လျော်​လောက်​အောင် မြန်ဆန်လွန်း​နေတယ်၊​ ဒုက္ခသည်​တွေကို စိုး​ရိမ်ထိတ်လန့်​စေတယ်။” တပ်ခရိုင်ဝန် စံမလွိုင်ဖား​က​တော့​ သမ္မတဦး​သိန်း​စိန်ရဲ့​ ဒီလ ၁၇ ရက်​နေ့​က ​ပြောကြား​ခဲ့​တဲ့​ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေ ပြန်လာကြဖို့​ ကမ်း​လှမ်း​ချက် မိန့်​ခွန်း​အ​ပေါ် ခုလိုညွှန်ကြား​ချက်​တွေကို ထုတ်ပြန်ခဲ့​တာဖြစ်ပါတယ်။ ဒါ့​အပြင် တပ်ခရိုင်ဝန်က မြန်မာအစိုး​ရအ​နေနဲ့​ ခုလိုကမ်း​လှမ်း​လာတဲ့​အတွက် အိုး​အိမ်​တွေကို စွန့်​ခွာခဲ့​ကြတာ ကြာပြီဖြစ်တဲ့​ ဒုက္ခသည်​တွေအ​နေနဲ့​ အိမ်ပြန်ပြီး​ ဘဝသစ်ကို တည်​ထောင်နိုင်ကြ​တော့​မှာဖြစ်လို့​ ဝမ်း​သာ​ကြောင်း​၊​ ထိုင်း​-မြန်မာနှစ်နိုင်ငံ နယ်စပ်​ဒေသ​တွေဟာလည်း​ ငြိမ်း​ချမ်း​သွား​ပြီး​ လူတိုင်း​ဟာ ဘဝတိုး​တက်​ရေး​နဲ့​စီး​ပွား​ရေး​တွေကို ​ဇောက်ချလုပ်ကိုင်နိုင်ကြ​တော့​မယ့်​အ​ကြောင်း​ ထိုင်း​မီဒီယာ​တွေ က​နေတဆင့်​ ထုတ်​ဖော်​ပြောကြား​ခဲ့​ပါတယ်။ လက်ရှိအ​ခြေအ​နေအထိ ဒုက္ခသည်စခန်း​တွေကို ညွှန်ကြား​ချက်​တွေ တစုံတရာ ​ရောက်မလာ​သေး​ဘူး​လို့​ နို့​ဖိုး​ ဒုက္ခသည်စခန်း​ ဥက္ကဋ္ဌ ​စောဖိုး​ဒန်က ​ပြောပါတယ်။ “အတိအကျ ညွှန်ကြား​ချက်​တွေ​တော့​ ဘာမှ မလာ​သေး​ဘူး​။ သူကိုယ်တိုင် တ​ခေါက်၊​ နှစ်​ခေါက်​လောက် ​ရောက်ပြီး​တော့​ နို့​ဖိုး​စခန်း​ အထဲမဝင်ဘူး​။ ​ဘေး​ပတ်ဝန်း​ကျင်မှာ ရပ်ပြီး​ စခန်း​ တာဝန်ရှိ​တွေပဲ ​ခေါ်ပြီး​ပြောတာ​တော့​ အဲဒီကိစ္စ တခုမှ မပါ​သေး​ဘူး​။” လက်ရှိအ​ခြေအ​နေမှာ​တော့​ ထိုင်း​-မြန်မာနယ်စပ်မှာ ဒုက္ခစခန်း​ ၉ ခု ရှိပြီး​ ဒုက္ခသည် ၁ သိန်း​ခွဲ နီး​ပါး​ ရှိ​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up